29 C
Yangon

မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်တွင် ဆင်ဖြူတော် အမည်ခံ ဆင်ပေါက်စ၏ ၁ နှစ်ပြည့် မွေးနေ့ ဝန်ကြီးဌာန ပေါင်းစုံ တက်ရ ၊ ယတြာအဖြစ် နေကြာနှင့် စင်္ကြာပန်းပင်များ စိုက်ခိုင်းနေ

Must read

မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်တွင် ဆင်ဖြူတော် အမည်ခံ ဆင်ပေါက်စ၏ ၁ နှစ်ပြည့် မွေးနေ့ ဝန်ကြီးဌာန ပေါင်းစုံ တက်ရ ၊ ယတြာအဖြစ် နေကြာနှင့် စင်္ကြာပန်းပင်များ စိုက်ခိုင်းနေ

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်တွင် ယနေ့ ဆင်ဖြူ တော်အမည်ခံ ဆင်ပေါက်စ ရဋ္ဌနန္ဒက ၏ ၁ နှစ်ပြည့် မွေးနေ့ ကျင်းပပြုလုပ်ပြီး ဝန်ကြီးဌာနပေါင်းစုံ တက်ရောက်ရကြောင်း နေပြည်တော် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“ရန်ကုန်၊ မန္တလေးနဲ့ ပြည်နယ်/တိုင်းက ဌာနဆိုင်ရာအကြီးအကဲဒုညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ အားလုံး ဒီနေ့ ဇူလိုင်လ ၂၃ နေ့ နေပြည်တော်မှာ လုပ်တဲ့ ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ပွဲ မတက်မနေရ တက်ခိုင်းပါတယ်” ဟု နေပြည်တော် ဝန်ထမ်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဆင်ပေါက်စကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်က ဆင်ဖြူတော်ဟုဆိုကာ ဘွဲ့ချီးမြှင့် ဂုဏ်ယူနေခြင်းလည်းဖြစ်သည်။

ထို့ပြင် မွေးနေ့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများတွင် မိုးတွင်းဌာန သစ်ပင်စိုက်ပွဲများ တက်ရောက်ခိုင်းထားပြီး ယတြာအဖြစ် နေကြာပန်းနှင့် စင်္ကြာပန်းပင်ကို အဓိက ထား စိုက်ပျိုးခိုင်းထားကြောင်း သိရှိရသည်။

“ဌာနဆိုင်ရာရုံးတွေမှာ ယတြာအဖြစ်စိုက်ခိုင်းထားတာက ( ၁) နေကြာပင် (၂) စင်္ကြာပန်းပင်တွေကို ဘောင်အလိုက်အပင်လိုက် စိုက်ပျိုးပြီးစီးမှုအခြေအနေတွေကို ဓာတ်ပုံ၊ ဗီဒီယို နဲ့တကွတင်ပြခိုင်းနေတယ်။ ယတြာလို့ ပြောတယ်” ဟု နေပြည်တော် ဝန်ထမ်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်က ဆင်ပေါက်စကို နာမည်ပေးဘွဲ့ပေးလုပ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article