32 C
Yangon

ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၁ ဦးသေဆုံး၊ KNU တပ်မဟာ ၆ နယ်မြေ တိုက်ပွဲတွင် စစ်သား ၁၀ ဦးသေဆုံး

Must read

ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၁ ဦးသေဆုံး၊ KNU တပ်မဟာ ၆ နယ်မြေ တိုက်ပွဲတွင် စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၄၁ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။

ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်အချိန် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးသို့ အကြမ်းဖက်စစ် သား၊ ရဲ၊ ပျူစောထီး အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်း ဖြန့်ခွဲကာ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ည ၁၂ နာရီခန့်မှ ၁ နာရီ ခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၃၃ ဦးသေဆုံးကာ ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးကို တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသ စဉ် အပြင်း အထန်ဒဏ်ရာရရှိသူ ၈ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်များမှ ရဲဘော် ၁ ဦး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အသက်ပေးလှုခဲ့ရကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)၊ (စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထား သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ ၊ KNLA တပ်မဟာ ၆ နယ်မြေ အ တွင်း၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရ သည်။

ဇူလိုင်လ ၂၁ ရက်နေ့စ၍ KNU တပ်မဟာ ၆နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်း ဖက် စစ်ကောင်စီ၏ ဗိုလ်မှူး အောင်မြင့်သိန်း ၊ ဗိုလ်မှူး နိုင်ဝင်း ဦးဆောင်သော ခမရ−၄၀၇ တပ်ရင်း၊ တပ်မ ၄၄ လက် အောက်ခံ ခမရ− ၁၀၄ တပ်ရင်းပူးပေါင်း အင်အား ၁၀၀ကျော် ရှိ စစ်ကြောင်းကို KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၅ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှ ရဲဘော်တစ်ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article