31 C
Yangon

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့် အမေရိကန်သံရုံးက ပူဆွေးဟု ထုတ်ပြန်

Must read

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့် အမေရိကန်သံရုံးက ပူဆွေးဟု ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၄

အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေး အာဇာနည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံးက ပူဆွေးကြောင်း ထုတ်ပြန်လိုက်သည်။

ရန်ကုန်အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က နှင်းဆီပန်းကို ကိုင်ဆောင်ထားပြီး အထိမ်းအမှတ်ကျောက်တုံးရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေပုံကို ထုတ်ပြန်ထားသည်။

“ယနေ့သည် စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်ခြင်းတစ်နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခဲ့သည့်အချိန်မှစပြီး အာဏာရှင်အဖွဲ့အစည်းနှင့် ၄င်းတို့ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှူံးခဲ့ကြရသော လူပေါင်း ၃၈၀၀ကျော်အတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပါသည်။ အခြေခံကျသော အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြသည့် သင်တို့ကို မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမည်” ဟု ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article