28 C
Yangon

ဒိုက်ဦးမြို့နယ်ရှိ ခလရ-၃၀ တပ်ရင်းကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ဒိုက်ဦးမြို့နယ်ရှိ ခလရ-၃၀ တပ်ရင်းကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၄

ပဲခူးတိုင်း၊ ဒိုက်ဦးမြိုနယ်၊ ပျဉ်ပုံကြီးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် ည ၈ နာရီက အဆိုပါ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခလရ ၃၀ တပ်ရင်း၏ ကင်းဂိတ်နှင့် အဆောင်များအကြား ကျရောက်ပေါက်ကွဲပြီး အ ကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် အ ကြမ်းဖက်စစ်သားများက ၁ နာ ရီ ခန့်အကြာ သေနတ်များဖြင့် အတွဲလိုက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ၅ နှင့် Daik-U Defence Force (DDF) တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ်၏ ခလရ ၃၀ တပ်ရင်းသည် ဒိုက်ဦးမြိုနယ် ကျိုက်စကော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို အဓမ္မဖမ်းဆီးခေါ်ထုတ်ပြီး လက်စဖျောက်သတ်ဖြတ်မှုများကို ကျူးလွန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article