ဘီးလင်းနှင့် သထုံ မြို့နယ်တွင် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု ကား ၃ စီး ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ကင်းပုန်း စစ်သားများကို တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတော်လှန်ရေးအင်အားစု – TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကု်နခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီမြို့နယ်ဘက်သို့ စစ်ကူပေး ရန် တက်လာသော အကြမ်းဖက်စစ်သား အပြည့်ပါလာသည့် ဖောကား ၁၂ စီးကို ဘီလင်းမြို့နယ် အတွင်း တစ်နေရာ၌ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်တန်း၌ လိုက်ပါလာသည့် စက်လက်ပစ်သမား ထိခိုက်သည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ကားတစ်စီးလည်း လမ်းပေါ်၌ ရပ်တန့်ကျန်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA ၊ PDF ၊ ဘီးလင်း (ပကဖ)နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော် လှန် ရေးတပ်ဖွဲ့တို့ပါဝင်သော သူရိယ စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘီးလင်း (ပကဖ) ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက နေ့တိုင်းနီးပါးဖြစ်နေတာဗျ၊ ယာဉ်တန်းကတော့ သထုံကနေ ဘားအံကို ၁၀ စီးပဲ ဆက်သွား နိုင်တယ်လို့ သိရတယ်၊ သထုံထောက်ပို့တပ်ထဲမှာ ကားတွေလဲသွားတယ်လို့ သိရတယ်၊ ကား ၃ စီးေ တာ့ ထိသွားတယ်၊ စလက်ပစ်သမားကတော့ ကျည်ထိလဲကျသွားတာ မျက်မြင်တွေ့လိုက်ရတယ်၊ စက် လတ်နဲ့လည်း ပြန်မပစ်နိုင်တော့ဘူး၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပါပဲဗျ” ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတော်လှန်ရေးအင်အားစု – TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအချိန်အတွင်း သထုံမြို့နယ်၊ ကမာကစိုက်ကျေး ရွာ၊ PTT ဆီဆိုင်ဝင်းအတွင်း ကင်းပုန်းချထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို တပ်မဟာ ၁ KNLA တပ်ရင်း ၂ တပ်ခွဲ ၃ ၊ HRS၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး တပ်ဖွဲ့ (TPDF)ပါဝင်သော တပင်ရွှေထီးပူးပေါင်း စစ်ကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများမြင်ပါက အဝေးမှ သွား နေ ပေး ကြပါရန်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့်လည်း အကြမ်းဖက်စစ်ယာဉ်တန်းများနှင့် ဝေးဝေးမှ မောင်းနှင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။