28 C
Yangon

မန္တလေးမြို့ ဂေါဝန် ဆိပ်ကမ်းမှ စစ်သင်္ဘော ၉ စင်း တက်လာ၍ ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး ရှောင်တိမ်းနေရ

Must read

မန္တလေးမြို့ ဂေါဝန် ဆိပ်ကမ်းမှ စစ်သင်္ဘော ၉ စင်း တက်လာ၍ ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး ရှောင်တိမ်းနေရ

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ မန္တလေးမြို့ ဂေါဝန် ဆိပ်ကမ်းမှ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၉ စင်း တက်လာသည့်အတွက် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး ရှောင်တိမ်းနေရကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများ တက်လာချိန် လက်နက်ကြီး လက်နက်ငယ်များနှင့် ကမ်းရိုးတန်းတစ်လျှောက်သို့ မကြာခဏပစ်ခတ်လေ့ရှိ၍ ရှောင်တိမ်းရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“၉ စင်းလို့ သိရပါတယ်။ လောလောဆယ်ပစ်ခတ်မှုမရှိသေးပါဘူး။ မြစ်ကမ်းတလျှောက် ရွာတွေ အကုန်လုံးရှောင်ခိုင်းထားတယ်ဗျ။ ရှေ့တုန်းကလည်း အဲဒီလို တက်ပြီး ပစ်တာတွေ ရှိလို့ ကြိုရှောင်ခိုင်းထားတာ”ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများသည် အထက် ဗန်းမော်အထိ ဦးတည်နိုင်သောကြောင်း မြစ်ကမ်းတစ်လျှောက် နေထိုင်သော ပြည်သူများ ကြိုတင်ရှောင်ရှားကြရန် သတိပေးလိုကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article