Khit Thit သတင်းဌာန၏ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ရပ်ကွက်တွေမှာ အကြမ်းဖက် စစ်ကောင်စီက သန်းခေါင်စာရင်း အတွင်းမှာ နာမည်ပါပြီး လူမရှိဘဲ အကြောင်း မဲ့ ပျောက်ဆုံး နေတဲ့ လူငယ်ဦးရေ စာရင်း ကို တောင်းခံ ထားပြီ ၊ ညမထွက်ရ အမိန့် ဖောက်ဖျက်တဲ့ သူတွေကိုလည်း စီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၀၃ က တပ်ကြပ်ကြီး ၁ ဦးဟာ လက်နက် နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် ၄၄ သိန်း ချီးမြှင့်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
– ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က PCM ဘုရားကျောင်းမှာ စစ်ဘေး တိမ်းရှောင် နေတဲ့ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ပြန်မပေးဘဲ ဖျောက်ဖျက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။