28 C
Yangon

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် MRDA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

Must read

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် MRDA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် MRDA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က ပုလဲမြို့နယ်၊ လှော်ကားကျေးရွာ၊ နွယ်ရှောက် ကျေးရွာနှင့် အင်ကြင်းစုကျေးရွာ ၃ ရွာ အကြားသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ် သားများကို MRDA ခရိုင် တပ်ရင်း ၆ မှရဲဘော်များ အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီ စစ်သားများအသုံးပြု သည့် ကျောပိုးအိတ်နှင့်အသုံးအဆောင် ပစ္စည်း များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက် ကြီးထိမှန်မှုကြောင့် MRDA ရဲ ဘော် တစ်ဦး လက်မောင်းကျည်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိမှုမရှိ အချိန်မီ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article