Khit Thit သတင်းဌာန၏ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံကနေ ကူညီပေးဖို့ အကြမ်းဖက် စစ်ကောင်စီက တရုတ်အထူးကိုယ်စားလှယ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
-တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၂ ၊ Force for Federal Democracy (F.F.D) တပ်ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ၆ လအတွင်း အကြမ်းဖက် စစ်တပ် စခန်းကြီး ၅ ခု၊ စခန်းငယ် ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force for Federal Democracy (FFD) ကနေ ထုတ်ပြန်ထားပါတယ်။
-မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စုမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မုပ္ပလင်-လမ်းဆုံဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၈ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။