31 C
Yangon

ထိုင်း-မြန်မာ နယ်စပ်မျဉ်းရှိ မူဂျာထိပ်စစ်တပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်

Must read

ထိုင်း-မြန်မာ နယ်စပ်မျဉ်းရှိ မူဂျာထိပ်စစ်တပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်

ရန်ကုန်၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်ရှိ မူဂျာထိပ်စစ်တပ်စခန်းကို မောင်း သူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက် နေ့တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အဆိုပါအကြမ်းဖက် စစ်တပ် စခန်းပေါ်သို့ SF-Z မောင်းသူမဲ့ လေယာဉ် ဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက် မှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်သည်ဟု သိရသော်လည်း အတိအကျ တည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပစ်မှတ်ကို ထိမှန်ခဲ့ပြီးတော့ စစ်ခွေးတွေ ဘက်ကလည်း ပြန်ပစ်တာတွေရှိတယ်၊ အတိအကျ ပြောလို့ မရသေးတာ၊ ခန့်မှန်း ၁၀ ဦးလောက်သေနိုင်တယ်၊ အဲဒီစခန်းက ထိုင်း-မြန်မာ နယ်စပ်အနီးမှာရှိတာပါ၊ ကျနော်တို့ရဲဘော်တွေ အားလုံးဘေးကင်းခဲ့ပါတယ်” ဟု ထားဝယ်ပြည်သူ့ လွတ်မြောက်‌ရေး တပ်ဖွဲ့ (TPLF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်နယ်နှင့်တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးမဟာမိတ် အင်အားစု များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ Ye Air Force (YAF)၊ ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF တပ်ရင်း – ၁ ၊ ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T-5) နှင့် ကံပေါက်ဒေသကာကွယ်ရေး တပ်ဖွဲ့ (KBDF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article