ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တချို့ သက်သာခွင့်ပေးမှု “ဘာမှ အရာမထင်တဲ့ လုပ်ရပ်” လို့ သားဖြစ်သူပြောကြား
ရန်ကုန်၊ ဩဂုတ် ၄
မြန်မာစစ်အုပ်စုကမတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို ပြစ်ဒဏ်တချို့ လျော့ပေါ့ကြောင်း ကြေညာချက်ဟာ “ဘာမှ အရာ မထင်တဲ့ လုပ်ရပ်” ဖြစ်ကြောင်းနဲ့ ဝါဒဖြန့်ချိရေးမှာ အသုံးချမှု သက်သက် သာဖြစ်တယ်လို့ ကိုထိန်လင်း လို့ လူသိများတဲ့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ သားငယ် ကင်မ်အဲရစ်က ဗုဒ္ဓဟူးနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြောကြား လိုက်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
ကင်မ် က တကယ်ထိရောက်တဲ့ ရလဒ်မျိုးရတဲ့အထိ အနောက်နိုင်ငံ အစိုးရတွေအနေနဲ့ စစ်အုပ်စုအပေါ် ဖိအားတွေ တိုးမြှင့်ပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ပြစ်မှု ၁၉ ခုနဲ့ မတရား အရေးယူခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတဲ့အထဲက ပြစ်ဒဏ် ၅ ခုအတွက် ထောင်ဒဏ် ၆ နှစ်သာ လျှော့ပေါ့လိုက်တာ ဖြစ်ပါတယ်။
“ဒါက ဘာမှ လုပ်လို့မရတဲ့ လျှော့ပေါ့မှုပဲ။ ဘယ်ခရီးမှ မရောက်တဲ့ အရွေ့ သာဖြစ်တယ်။ မြန်မာစစ်တပ်က ဝါဒဖြန့်တဲ့ ကစားပွဲတွေမှာ ကောင်းကောင်း ကျင်လည်တယ်ဆိုတာ တစ်ကမ္ဘာလုံး အသိပဲ။ သူတို့ရဲ့ ဆိုးဆိုးရွားရွားလုပ်ရပ် တွေ အပေါ် အကောင်းမြင်လာရေး ကြိုးပမ်းမှုတစ်ခုပါပဲ” လို့ ကင်မ်က ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။
“သူတို့ ကျွန်တော့်အမေကို မတရားချမှတ်ထားတဲ့ ထောင်ဒဏ်တွေ ထဲက နည်းနည်းလေး ဖြေလျှော့ကြောင်း ကြေညာလိုက်တာဟာ ဘာမှ အရာမ ရောက်ဘူး” လို့ သူက ဆိုပါတယ်။