34 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကိုဖြေလျှော့ပေးသလိုနဲ့ အကွက်ရွှေ့ နေတဲ့ စစ်ကောင်စီဆီကနေ ဘာကိုမှ မမျှော်လင့်နိုင်

Must read

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကိုဖြေလျှော့ပေးသလိုနဲ့ အကွက်ရွှေ့ နေတဲ့ စစ်ကောင်စီဆီကနေ ဘာကိုမှ မမျှော်လင့်နိုင်

By SEAN TURNELL

အဓမ္မဖြုတ်ချခံလိုက်ရတဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ ခေါင်းဆောင်တွေဟာ နဂိုကတည်းက ထောင်ထဲမှာ ရှိမနေသင့်တာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က မြန်မာစစ်ခေါင်းဆောင်တွေက သူတို့အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီတုန်းက ဖြုတ်ချခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတချို့ရဲ့ ထောင်ဒဏ်တွေကိုလျှော့ပေးလိုက်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ် အသတ် မဲနိုင်ခဲ့တဲ့ ရွေးကောက်ခံ အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်၃၃ နှစ်ထဲက ၆နှစ်ကိုလျှော့ပေးလိုက် တယ်။

အဓမ္မဖြုတ်ချခံရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ထောင်ဒဏ်တွေထဲက ၄ နှစ် နုတ်လိုက်တယ်။ တခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဒဏ် တွေကို လျှော့ ပေါ့ပေးတာတွေလည်း လာကောင်းလာနိုင်တယ်။

နိုင်ငံကို တပ်က အုပ်ချုပ်လို့ရအောင် တမင်စီစဉ်ထားတဲ့ နိုင်ငံ‌တော် အရေးပေါ် အခြေအနေသတ်မှတ်ချက်ကို နောက်ထပ်ခြောက်လ သက်တမ်း ထပ်တိုး ကြောင်း ကြေညာပြီးနောက်တစ်နေ့မှာ ဒီလိုထောင်ဒဏ်ကိုလျှော့ပေးခဲ့တာပါ။

နှစ်ကြိမ်ပဲ သက်တမ်းတိုးခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ စစ်တပ်က ရေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကိုယ်တိုင်ချိုးဖောက်ခဲ့တဲ့ အခြေအနေမှာ ထွက်ပေါ်လာတဲ့ ကြေညာချက်ပါ။

စစ်တပ်အုပ်ချုပ်တဲ့တလျှောက်လုံးမှာ တပ်ဟာဘယ်သူ့ကိုမှ မယုံတာ၊ မောက် မာတာ၊ ဉာဏ်တိမ်တာ၊ လောဘအခြေခံတဲ့အကျိုးစီးပွားတွေ ရှိနေတာ ဒါတွေ ပြည့်နှက်နေပေမယ့် အခုလိုမျိုး လွှတ်ပေးတာကို အကောင်းဘက်ကို အခြေ အနေတွေ ပြောင်းလာပါပြီဆိုတဲ့သဘောမျိုး တပ်က ကြွေး‌ကြော်နိုင်တယ်။

တကယ်တော့ ဘာမှ ကောင်းစရာအကြောင်းမရှိပါဘူး။ ဒေါ် အောင်ဆန်း စုကြည်ရော၊ သမ္မတဦးဝင်းမြင့်ရော တခြား နိုင်ငံရေး အကျဉ်းသားတွေရောဟာ နဂိုကတည်းက ပင်ပန်းအောင် နှိပ်စက်တတ်တဲ့ အကျဉ်းထောင်တွေထဲကို ရောက်ကို ရောက်မနေသင့်တာပါ။

သူတို့ကို စွဲဆိုထားတဲ့ အမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေပါ။ စီရင်တဲ့ တရားရေးမဏ္ဍိုင်ကိုက ဘာမှ သမာသမတ်ရှိနေတဲ့ တရားရေးမဟုတ်ပါဘူး။

မြန်မာပြည်မှာတော့ ဒီလိုကိစ္စတွေက စစ်တပ်က လုပ်နေကျ လုပ်ရိုးလုပ်စဉ် တွေပါပဲ။ လောလောဆယ်မှာ စစ်ခေါင်းဆောင်တွေဟာ အတိုက်အခံတွေကို ဖျက်ဆီးပြီး နိုင်ငံကိုကောင်းကောင်းအုပ်ချုပ်ဖို့ မတတ်နိုင်ဘဲ အင်အား နိမ့်ပါး လာ နေတဲ့အခြေအနေမှာပါ။

တိုင်းပြည်အပေါ် ဘယ်လိုပဲ ရက်ရက်စက်စက် ဖိနှိပ်ပြနေပေမယ့် ဒီနည်းနဲ့ သူ့ထိန်းချုပ်မှုကို အရင်လို အားကောင်းအောင်မလုပ်နိုင်ပါဘူး။ ရုရှားနဲ့ တစ် ခါတစ်လေမှာ တရုတ်ကို အားကိုးနေရတာက လွဲလို့ စစ်တပ်မှာ မိတ်ဆွေ မရှိပါဘူး။

နိုင်ငံခြားငွေ လျော့နည်းလာနေပြီး တပ်ခေါင်းဆောင်တွေအတွက် အသက် ပေးပြီး တိုက်ပေးလိုတဲ့ တပ်အင်အားနည်းလာတာ၊ စိတ်ထင်ရာ လုပ်နေတာ ကလွဲလို့ ဘာအတွေးအမြင်မှ မရှိတော့တာတွေနဲ့ အတူ တပ်ခေါင်းဆောင်တွေ အခုပြစ်ဒဏ်လျှော့ပေးတာက စိတ်ဓာတ်စစ်ဆင်ရေးအကွက်တစ်ခုထက် မပိုပါဘူး။

ကိစ္စများမြောင်တွေကို ဖြေရှင်းနေရတဲ့ ပင်ပန်းနေတဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းကို စစ်တပ်အနေနဲ့ လှည့်စားနိုင်မယ်လို့ မျှော်လင့်ပုံရပါတယ်။

မြန်မာစစ်တပ် အုပ်ချုပ်ရေး နှစ်နှစ်ခွဲတာ ကာလဟာ မထင်မှတ်ထားတဲ့ အပျက်အစီးတွေကို ဖြစ်စေခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော တိုင်းသူ ပြည် သားတွေ သေကျေပျက်စီးရသလို လူပေါင်း ၃ သန်းလောက် နေစရာမဲ့ ဖြစ်ရပါ တယ်။

အိမ်နီးချင်းနိုင်ငံတွေက မြန်မာဒုက္ခသည်တွေကို အရင်ကလို ပြန်လက်ခံ ကြရ ပြန်တယ်။ မြန်မာ့ စီးပွားရေးဟာ ပြိုကျနေတဲ့ အခြေအနေမှာရှိပြီး လူအများစု ကြီး (အထူးသဖြင့် ကျေးလက်လူထုဟာ) ဆင်းရဲတဲ့ဘဝကနေ စားရမဲ့ သောက်ရမဲ့ ဘဝကိုရောက်နေကြရတာ အများကြီးပါ။

တိုင်းပြည်မှာ ရာဇဝတ်မှုတွေ ထူပြောလာသလို အခြေအနေတွေက မြန်မာကို မူးယစ်ဆေးဝါးထုတ်လုပ်ရာ နိုင်ငံတစ်ခုအဖြစ်ကို ပြန်လည် တွန်းပို့နေပါတယ်။ ဆိုင်ဘာမှုခင်းတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေတဲ့ နိုင်ငံတစ်ခုဖြစ်လာပြီး အသစ် တိုးလာတဲ့ တီထွင်ဖန်တီးမှုဆိုလို့ လိုင်းပေါ်မှာ ဖြစ်တဲ့ မှုခင်းတွေကို တွေ့လာ ရပါတယ်။

မြန်မာမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ နဂိုကတည်းက ထောင်ထဲမှာ သွင်းမ ထားရမယ့် လူတွေကို ထောင်ဒဏ်နှစ်ကာလတွေ လျှော့ပေးရုံနဲ့ တော့ ဖြေရှင်း လို့ရမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တကယ့် အပြောင်းအလဲတွေ ဖြစ်လာ အောင်လုပ်လို့ရပါတယ်။

ဒါပေမယ့် ဒီလို ဘာမှအဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေကို လက်ခုပ်ထတီးပေးရုံ နဲ့တော့ ဒီအပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်က “click-bait”လို့ခေါ်တဲ့ လူများများကြည့်အောင် ဖန်တီးထားတဲ့ အပေါစား ဇာတ် ကွက်ပါပဲ။

အွန်လိုင်းပေါ်က သုံးပုဒ်တစ်ရာတွေကိုရှောင်သလိုပဲ ဒီလို ခပ်ပေါပေါ ဇာတ် ကွက်တွေကို သွားပြီး Like မပေးကြဖို့လိုပါတယ်။ တကယ် ပျော်ရွှင်ကြရမယ့် တစုံတရာအပြောင်းအလဲမျိုး မဟုတ်မချင်း ပစ်သာ ထားလိုက်ကြပါ။

(SEAN TURNELL သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေး ဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article