32 C
Yangon

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာအလုပ်သမား ၁၀၀ ကျော် အပါအဝင် နိုင်ငံခြားသား ၄၂၅ ဦးဖမ်းဆီးခံရ

Must read

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာအလုပ်သမား ၁၀၀ ကျော် အပါအဝင် နိုင်ငံခြားသား ၄၂၅ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဩဂုတ် ၅

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ မြန်မာ အလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးနိုင်ငံထုတ် The Sun သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်း ၁ နာရီမှ ၄ နာရီအထိ လူဝင်မှုကြီးကြပ်ရေး လဝက အရာရှိ ၆၀ အင်အားဖြင့် Cheras ရှိ တိုက်ခန်းများကို ဝင်ရောက်စီးနင်းရာတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၄၂၅ ဦးကို ဗီရိုများထဲမှ ဆွဲထုတ်ကာ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်နှင့် နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၂၅ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများသည် တရားဝင် အထောက်အထား စာရွက်စာတမ်း မရှိခြင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ များ ဖြစ်ကြောင်း မလေးရှား အာဏာပိုင်များက ပြောဆိုထားသည်။

အဆိုပါ နေရာများတွင် တရားမဝင်နေထိုင်သူများအပြား ရှိနေကြောင်း တိုင်ကြားချက်အရ နှစ်ပတ်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဝင်ရောက် ဖမ်းဆီးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ဦး၊ မြန်မာနိုင်ငံသား ၁၀၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃၀၊ ကမ္ဘောဒီးယားလူမျိုး ၆ဦး နီပေါ ၂၀နှင့် ပါကစ္စတန်နိုင်ငံသား ၇ ဦးတို့ ပါဝင်ပြီး ၎င်းတို့အားလုံးမှာ အသက် ၈ နှစ်မှ ၅၄ နှစ်ကြားရှိသူများဖြစ်ကြသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်များ ကိုင်ဆောင်ထားသည့် မွတ်ဆလင် ဒုက္ခသည်များနှင့် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများလည်း ပါရှိကြောင်း၊ ဖမ်းဆီးရမိသည့် မြန်မာ နိုင်ငံသားများတွင် အသင်းအဖွဲ့၊ လူမျိုးအလိုက် ကတ်များရှိကြောင်း၊ အဆိုပါ ကတ်များသည် အသုံးပြုရန် တရားဝင် အသိအမှတ်ပြု မခံရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများသည် ဆောက်လုပ်ရေးနှင့် သန့်ရှင်းရေးကဏ္ဍအပါအဝင် နယ်ပယ်အသီးသီးတွင် လုပ်ကိုင်နေကြောင်း၊ ဖမ်းဆီးခဲ့သူများကို မလေးနိုင်ငံရှိ ဘူးကေ့ အကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး ၎င်းတို့အားလုံးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၅(၁)(ဂ) နှင့် ပုဒ်မ ၆(၁)(ဂ) တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article