28 C
Yangon

မညီမညာ ရွဲ့စောင်းနေသည့် မာရဝိဇယရုပ်တု၏ ကျောက်စာရုံ စေတီ ၇၂၀ ကို စနစ်တကျ တည်ဆောက်ထားဟုဆိုကာ Google Map ဂြိုလ်တု ဓာတ်ပုံ အတု လုပ်၍ စစ်တပ်ပိုင် မြ၀တီရုပ်သံလိုင်းက လိမ်လည် ထုတ်လွှင့်

Must read

မညီမညာ ရွဲ့စောင်းနေသည့် မာရဝိဇယရုပ်တု၏ ကျောက်စာရုံ စေတီ ၇၂၀ ကို စနစ်တကျ တည်ဆောက်ထားဟုဆိုကာ Google Map ဂြိုလ်တု ဓာတ်ပုံ အတု လုပ်၍ စစ်တပ်ပိုင် မြ၀တီရုပ်သံလိုင်းက လိမ်လည် ထုတ်လွှင့်

ရန်ကုန်၊ ဩဂုတ် ၅

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်တွင် တည်ဆောက်ထားသည့် မာရဝိဇယ ရုပ်တု၏ ကျောက်စာရုံ စေတီ ၇၂၀ ကို စနစ်တကျ တည်ဆောက် ထားကြောင်း Google Map မှတစ်ဆင့် ကြည့်ရှုနိုင်သော ဂြိုလ်တုဓာတ်ပုံ အတုလုပ်၍ စစ်တပ်ပိုင် မြ၀တီရုပ်မြင်သံကြားလိုင်းက ယနေ့ည ၈ နာရီတွင် တန်ပြန် ထုတ်လွှင့်သွားသည်။

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တည်ထားသည့် ကျောက်စာရုံ စေတီ ၇၂၀ သည် Google Map ဂြိုလ်တုဓာတ်ပုံတွင် စတုရန်းပုံစံ ညီညာမှုမရှိဘဲ ဖောင်းကြွ ကွေ့ကောက် ရွဲ့စောင်း နေ၍ လူမှုကွန်ရက်တွင် ဝေဖန် ရှုတ်ချမှု များရှိနေကြောင်း၊ နည်းပညာမထွန်းကားသောကာလ ကုန်းဘောင်ခေတ် မင်းတုန်းမင်း၏ မန္တလေး ကုသိုလ်တော်ဘုရား ကျောက်စာရုံ စေတီ ၇၂၉ ဆူ ကိုမူ Google Map ဂြိုလ်တုဓာတ်ပုံတွင် စတုရန်းပုံစံ စနစ်ကျစွာ ဖူးမြင်ရ ကြောင်း လူမှုကွန်ရက်တွင် နှိုင်းယှဉ် ရေးသား၍ မင်းအောင်လှိုင်နှင့် စစ်ကောင် စီကို လှောင်ပြောင် သရော်နေချိန်တွင် မြ၀တီ ရုပ်သံက ယင်းကဲ့သို့ လိမ်လည် ထုတ်လွှင့်သွားခြင်းဖြစ်သည်။

မြ၀တီရုပ်မြင်သံကြားသတင်းတွင် မာရဝိဇယ ကျောက်စာရုံစေတီများကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီမှ ပညာရှင်များ၊ အရပ်ဘက် အင်ဂျင်နီယာများ ပူးပေါင်း တည်ထား၍ စနစ်တကျ ကြည်ညိုဖွယ်ရှိကြောင်း Google Map ဂြိုလ်တု ဓာတ်ပုံ ပုံစံ အတုပြုလုပ်၍ ရုပ်သံသတင်းတွင် လိမ်လည် ဝါဒဖြန့် ကြေညာ သွားသည်ကို မြင်တွေ့ရသည်။

မာရဝိဇယ ကျောက်စာရုံစေတီတော်များကို အင်ဂျင်နီယာ ပညာရပ် ၊ ဗိသုကာ ပညာရပ်များဖြင့် စနစ်တကျ တည်ဆောက်ထားသဖြင့် ကြည်ညိုဖွယ် လေ့လာ နိုင်ကြောင်း၊ အများပြည်သူများ အခမဲ့ လာရောက် လေ့လာနိုင်ကြောင်း၊ လုံခြုံရေး အတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြ၀တီရုပ်မြင်သံကြားသတင်းက ကြေညာသွားသည်။

Google Map ဂြိုလ်တု ဓာတ်ပုံ ပုံစံ အတုပြုလုပ်၍ ရုပ်သံသတင်းတွင် လိမ်လည်
မညီမညာ ရွဲ့စောင်းနေသည့် မာရဝိဇယရုပ်တု၏ ကျောက်စာရုံ စေတီ ၇၂၀
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article