27 C
Yangon

ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ သြဂုတ် ၆

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ငအိုး ၁၂၁ တပ်ရင်းက ကျောက်ထုံးကြီးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွာထဲ၌ တပ်စွဲပြီး နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ၎င်းတို့ဖမ်းဆီးလာသည့် ပုလွေရွေရွာမှ ကိုငယ်လေးကိုလည်း ကျောက်ထုံးကြီးရွာအတွင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကျောက်ထုံးကြီးရွာထဲကို ၁၂၁ ငအိုး တပ်ရင်းက စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူများကို ဘုန်းကြီးကျောင်း အတွင်း ဖမ်းဆီးထားကာ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးတယ်။ နောက်ပြီး စစ်ခွေးတွေက သူတို့ ဓားစာခံအဖြစ် ဖမ်းလာတဲ့ ပုလွေရွေရွာသား ကိုငယ်လေးကိုလည်း သတ်ဖြတ်သွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article