30 C
Yangon

ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို PDF ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေး

Must read

ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို PDF ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေး

ရန်ကုန်၊ သြဂုတ် ၆

ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲမှ ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၃၅၇ ဦးကို အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု၊ အသေးစားခွဲစိတ်မှုနှင့် ငှက်ဖျားရောဂါ ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းကို ပြည်သူများအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုအားဖြည့်ပါဝင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ထား​​သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article