32 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးနေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးနေရ

ရန်ကုန်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၇ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့နယ်၊ ထန်းတောရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ ခမ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦးအနောက်ခြမ်းကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးနေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ထန်းတော၊ သံသည်၊ ငြုတ္တုံ၊ မုတ်စီ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ရွာမိဿာ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာနှင့် ထန်းပင်ကုန်း စသည့်ရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” အခုညနေပိုင်း ရေဦးကနေ ခမရ ၇၀၈ နဲ့ ၇၀၂ စစ်ခွေးက ထန်းတောရွာကနေ ရေဦးအနောက်ခြမ်းထပ်ထွက်လာပြီလို့ သိရတယ်။ ကျေးရွာ ၁၇ ရွာက စစ်ရှောင်ပြည်သူပေါင်း ၅၀၀၀ ကျော်လောက် ရှိတယ်။ ရှောင်နေရတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ကပြောဆိုသည်။

Photo – ရေဦးမြို့နယ်အတွင်း သြဂုတ်လ ၅ ရက်နေ့က စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ

ရေဦးမြို့နယ်အတွင်း သြဂုတ်လ ၅ ရက်နေ့က စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article