28 C
Yangon

ချင်းပြည်နယ်မှ မကွေးတိုင်းဘက်သို့ ပြန်လည် ဆင်းသွားသော စစ်တပ်စစ် ကြောင်းက လမ်းတလျှောက် စာသင် ကျောင်းများ၊ ဘာသာရေး အဆောက် အအုံများ၊ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ခိုးဆိုး လုယက်နေ

Must read

ချင်းပြည်နယ်မှ မကွေးတိုင်းဘက်သို့ ပြန်လည် ဆင်းသွားသော စစ်တပ်စစ် ကြောင်းက လမ်းတလျှောက် စာသင် ကျောင်းများ၊ ဘာသာရေး အဆောက် အအုံများ၊ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ခိုးဆိုး လုယက်နေ

ရန်ကုန်၊ ဩဂုတ် ၈

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည် မြို့နယ်ဘက်သို့ ပြန်လည်ဆင်းသွားသော စစ်တပ်စစ်ကြောင်းက လမ်းတ လျှောက် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးဆိုး လုယက် သွားကြောင်း CDF – Kanpetlet ခေါ်နူးတပ်ရင်းထံမှ သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆွာတီ ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းသို့ တိုက်ပွဲတွင် သေဆုံးသွားသော အကြမ်း ဖက်စစ်သားအလောင်းကို ထည့်ကာ မီးရှို့သွား သဖြင့် နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ၊ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းဒွေးမြို့မှ ပြန်ဆင်း လာစဉ် စစ်တပ်က မဆွာတီ ကျေးရွာသို့ ရောက်ရှိပြီး ညအိပ်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား အလောင်းအား လူနေအိမ်အတွင်းထည့်ကာ မီးရှို့ ခဲ့သဖြင့် နေအိမ်မီးလောင်ပြာကျခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ဩဂုတ် လ ၂ ရက် နံနက် ၄ နာရီ ခန့်တွင် လောင်းရှည်မြို့နယ်၊ ဆွဲလွဲကျင်း ကျေးရွာသို့ ဆင်းသွားကြောင်း သိရသည်။

ထို့နောက် စစ်တပ် စစ်ကြောင်းက ကျင်ဒွေးလမ်းမပေါ်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ ထန်းကုန်း စသည့် ကျေးရွာများ အတွင်းရှိ အိမ်တွင်း ပရိဘောဂများ၊ ပြည်သူပိုင် ပစ္စည်း များ၊ ကျောင်းပိုင် ပစ္စည်းများ၊ ဘာသာရေးအဆောက်အအုံများရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း သိရ သည်။

ထို့ပြင် လမ်းမီတိုင်များအား ဖျက်ဆီး ခြင်း၊ ဘက်ထရီများ၊ ဆိုလာများ၊ သေတ္တာ များ၊ ဗီရိုများ၊ အိမ် သုံး ပစ္စည်းများကိုလည်းဖျက်ဆီးသွားပြီး အိမ် မွေးတိရစ္ဆာန် များကိုလည်း သတ်ဖြတ် စားသောက်သွား သည်မှာ အရေအတွက် စာရင်း ကောက်ယူ၍ မရေသေးကြောင်းCDF – Kanpetlet ခေါ်နူးတပ်ရင်းက ပြောဆို ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article