ကျောက်ပန်းတောင်းမြို့နယ်၊ ကမ္ဘာတဲရွာမှ ရွာသား ကိုဇော်ဝင်းမောင်ကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ပြီး အလောင်းကို ငွေဖြင့် ရွေးယူခိုင်း
ရန်ကုန်၊ ဩဂုတ် ၉
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲကျေးရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်တပ်မှာ ဩဂုတ်လ ၄ ရက်နေ့တွင် အကြောင်းမဲ့ ပစ်သတ် သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြား သည်။
သေဆုံးသူမှာ ကိုဇော်ဝင်းမောင်ဖြစ်ပြီး အကြမ်းဖက်စစ်တပ် ရွာထဲ ဝင်လာ၍ ကြောက်လန့်တကြားဖြင့် တောထဲတွင် သွားအိပ်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲ အချိန် စစ်တပ်က တောနင်း၍ ရှာဖွေမှုများလုပ်စဉ် အကြမ်း ဖက်စစ်သား များနှင့် တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလောင်းကို လက်ပန်ပျား သယ်သွားပြီး ရွေးလို့ရတယ်လို့တော့ ကျေးရွာ လူကြီးထံ အကြောင်းကြားပါတယ်။ ရွာသူ ရွာသားတွေက ပြန်လိုချင်ပေမယ့် မရွေးရဲလို့ မရွေးဘဲနေလိုက်ပါတယ်ခင်ဗျာ။ သေဆုံးသူမှာ တနှစ်ခွဲခန့် သမီးလေး နဲ့ အမေအို၊ ဇနီးတို့ကျန်ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ကမ္ဘာတဲ ကျေးရွာသို့ PDF များရှိသည်ဟုဆိုကာ မကြာခဏဆိုသလို လာရောက်လေ့ရှိကြောင်း၊ အဆိုပါ ကျေးရွာအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မရှိဘဲ သာမန် တောင်သူများသာ ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှုခံခဲ့ရသော ကမ္ဘာတဲကျေးရွာမှ ကိုဇော်ဝင်း မောင်။