ဟိုပင်မြို့ အောင်နန်းရပ်ကွက်တွင် ရဲကို ဆက်ကြေးပေး၍ မူးယစ်ဆေးရောင်း နေသည့် နေအိမ်ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်စီးနင်းပြီး မူးယစ် ဆေးဝါး များကို သိမ်းဆည်း
ရန်ကုန်၊ ဩဂုတ် ၁၀
ကချင်ပြည်နယ် ဟိုပင်မြို့ အောင်နန်းရပ်ကွက်ရှိ နယ်ထိန်းများနှင့်ပေါင်း၍ မူးယစ်ဆေးဝါးရောင်းချသည့် အိမ်ကို ဩဂုတ် ၉ နေ့တွင် တော်လှန်ရေး ရဲဘော်များ ဝင်ရောက်စီးနင်း၍ မူးယစ်ဆေးဝါးများကို သိမ်းဆည်းခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မူးယစ်ဆေးဝါးရောင်းချသည့် အိမ်မှာ ကိုနိုင်ကြီးနှင့် မဘောက်ဆိုသူတို့ အိမ်ဖြစ် ပြီး မူးယစ်ဆေးဝါးရောင်းချရန်အတွက် ဟိုပင်ရှိ ရဲများကို ဆက်ကြေးပေး၍ ရောင်းချနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။
“ဟိုပင်က ရဲတွေဆီ ဆက်ကြေးသွားပေးရတာ။ အရင်က ရဲတွေ ကိုယ်တိုင်လာ ကောက်တယ်။ အခုကသူတို့ကိုယ်တိုင်သွားပေးကြတော့တာ ရဲစခန်းကို”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။