ပခုက္ကူမြို့နယ်ရှိ ချောင်းခွရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၉ လုံး မီးလောင်ပြာကျ
ရန်ကုန်၊ သြဂုတ် ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချောင်းခွရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်ရှိ ဖလံအိုရွာနှင့် ချောင်းခွရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အတူ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာ ကျေးရွာများမှ ပျူစောထီးများလည်းပါဝင်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ဖလံအိုရွာမှ နေအိမ် ၁ လုံးနှင့် ချောင်းခွရွာမှ နေအိမ် ၂၉ လုံးပြာကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
” စာရင်း အတိအကျသိရပြီ နေအိမ် ၂၉ လုံး ကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွား တယ်။ အခုရွာက ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်နေတယ်” ဟု ပြည် သူ တစ်ဦးကပြောဆိုသည်။