28 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကား ရပ် ၊ တည်ငြိမ်ရေးအတွက် စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်ပါမည်ဆိုသော ကတိရရှိရေး စစ်ကောင်စီက ကြိုးပမ်းခဲ့သော်လည်း အရာ မထင်

Must read

ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကား ရပ် ၊ တည်ငြိမ်ရေးအတွက် စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်ပါမည်ဆိုသော ကတိရရှိရေး စစ်ကောင်စီက ကြိုးပမ်းခဲ့သော်လည်း အရာ မထင်

ရန်ကုန်၊ ‌ဩဂုတ် ၁၁

အကြမ်းဖက် စစ်ကောင်စီက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ PDF နှင့် NUG ကို မထောက်ခံပါဆိုသော စကားနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စစ်တပ်နှင့်ပူးပေါင်း ဆောင်ရွက် ပါ မည်ဆိုသော ကတိပြုမှု ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အရာ မထင်ခဲ့ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် တွေ့ဆုံခွင့်ပြုခဲ့စဉ် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် တည် ငြိမ် ရေးအတွက် စစ်တပ်နှင့် ပြန်လည် ပူးပေါင်းဆောင်ရွက်ပါမည်ဆိုသော ကတိပြုမှု၊ PDF နှင့် NUG ကို လုံး၀ မထောက်ခံပါဆိုသော စကားကို ရရှိရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် တစ်စုံတစ်ရာ မပေးဘဲ တိတ်ဆိတ်နေခဲ့ကြောင်း သိရှိရသည်။

” ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အတွက် တပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ Commitment ဒီဘက်က လိုချင်တယ်။ နောက်တစ်ခါ PDF နဲ့ NUG ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံ ပါဘူးဆိုတဲ့ စကားမျိုးကို ပြောပေးဖို့ ဒီဘက်ကလိုလားတယ်။ အဲဒီနှစ်ခုရရှိဖို့ အမျိုးမျိုး နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာမှ မှတ်ချက်မပေးခဲ့ဘူးလို့ သိရတယ်။ အခုအချိန်အထိ ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော် အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့်နေအိမ်သို့ ရွှေ့ပြောင်းလိုက်ပြီဟုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေး နွေးရန် အဆင်သင့်ရှိနေပြီဟုလည်းကောင်း ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများကို စစ်အုပ်စုဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခဲ့ပုံရသည်ဟု စစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။

“အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်က PDF နဲ့ NUG ကို မထောက်ခံပါ ဘူးဆိုတဲ့ သဘောမျိုးပြောလာတာ၊ အားလုံး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေး ပေါင်းလုပ်ကြပါစို့ ဆိုတာမျိုး ပြောရင် တပ်ဘက်ကနေ ချက်ချင်း နေအိမ် အကျယ်ချုပ်ပြောင်းတာ၊ သူတို့အပေါ်စီးကနေ ယူပြီး ဆွေးနွေးမယ့် လမ်း ကြောင်း ဖွင့်တာမျိုး လုပ်မယ့်ဟာမျိုးတွေ ကြောင့် ဒီသတင်းတွေကို ထုတ်ခဲ့ တာလို့ သုံးသပ်လို့ရတယ်။ အခြားတစ်ဖက်မှာလည်း NUG နဲ့ PDF ထဲကို ကြီး ကြီး မားမား ပြိုကွဲအောင် ဒီသတင်းတွေကို ထုတ်ခဲ့တာမျိုးပဲ။ ဒေါ်အောင်ဆန်း စုကြည်ဘက်က ဘာကိုမှ မှတ်ချက် မပေး တော့ သူတို့ဘက်မှာ လုပ်ရကိုင်ရ ကျပ်ပြီး ထောင်ဒဏ်တွေ လျှော့ပေးပါတယ်ဆိုတာမျိုးနဲ့ အဆုံး သတ်သွား တာလို့ သုံးသပ်လို့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်နှင့်တွေ့ဆုံစဉ် PDF နှင့် NUG ကို မထောက်ခံ ပါဘူးဟု ပြောဆိုသည်ဆိုသော သတင်းအမှားများကို ဝါဒဖြန့် လက်ကမ်း စာစောင် များအဖြစ် သန်းချီ ရိုက်နှိပ်၍ ပြည်သူလူထုအတွင်းသို့ ဖြန့်ဝေ ဝါဒဖြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article