ပေါင်းတည်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ကျော်သူအောင်နှင့် တပည့် ၊ လောင်းလုံးတွင် ပျူစောထီး ဂွမ်မိုးတို့ ပစ်ခတ် ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၁
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များကို သတင်းပေးဖမ်းဆီး သတ် ဖြတ်ခိုင်းခဲ့သော အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ ကျော်သူအောင်ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွား ကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်အချိန် ပေါင်းတည်မြိုနယ်၊ ကန် ငယ် အုပ်စု၊ သာသတိုး ကျေးရွာတွင် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ ကျော်သူ အောင်သည် နတ်ပုတီးကျေးရွာ ဈေးဆိုင်တစ်ဆိုင်၌ ဈေးဝယ်ပြီး ပြန်အထွက် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ထိမှန်ကာ နေမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်း၏တပည့်ဖြစ်သူ ဝဲကြီးအုပ်စု၊ ဘုရားပြိုရွာနေ သန်းတိုးအောင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များကို နောက်မှ သိုင်းဖက် ပြီး လုံးထွေးသတ်ပုတ် ရန်မူသဖြင့် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ သေဆုံး သွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူ ကျော်သူအောင်သည် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး ရာတွင် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့၏ ယူနီဖောင်းဝတ်ဆင်ကာ လိုက်ပါ ဆောင် ရွက်ခြင်း၊ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို အမျိုးမျိုးဒုက္ခပေးခြင်း၊ တော်လှန် ရေးတပ်ဖွဲဝင်များ၏ သတင်း ကို ထောက်လှမ်းပေးခြင်း၊ ဖမ်းဆီးရာ တွင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခြင်းများ ကျူးလွန်နေသူဖြစ်ပြီး ၎င်း၏ သတင်း ပေး ဖမ်းဆီးခိုင်းမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ဖမ်းဆီးခံခဲ့ ရကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
စစ်ဆင်ရေးကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PPDF)၊ တပ်ခွဲ ၅ ၊ နွေဦးမောင် မြို့ပြပျောက်ကြားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မြို့ပြ ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဂွမ်မိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ စမ်းလှမ်း ရွာလမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် ပျူစောထီးအဖွဲ့ဝင် ဂွမ်မိုးကို Dawei Defense Team-DDTတပ်ခွဲ(၃) နှင့် Guerrilla Dawei တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျူစောထီးထံမှ လက်ထိပ် ၁ ခု၊ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ဂွမ်မိုး သည် အကြမ်းဖက် စစ်တပ် သင်တန်းပေးနေသော ပျူစောထီး သင်တန်းဆင်းဖြစ်ပြီး လက်နက်ကိုင် ဆောင် ၍ စမ်းလှမ်းရွာ၌ ဆိုးသွမ်း သောင်းကျန်းနေသူ ဖြစ်ကြောင်း သိရှိရသည်။