24 C
Yangon

ဘုတလင်မြို့နယ်ရှိ သခွတ္တနယ် စံပြကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီး

Must read

ဘုတလင်မြို့နယ်ရှိ သခွတ္တနယ် စံပြကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သခွတ္တနယ် စံပြကျေးရွာရှိ ရွာစျေးဆိုင်တန်းများကို အကြမ်းဖက်စစ်တပ်မှ ဩဂုတ်လ ၁၂ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ မီးရှို့နေကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သခွတ္တနယ်ရွာစျေးဆိုင်တန်းများကို မီးတင်ရှို့နေသည့်အတွက် ဒေသပြည်သူ ထောင်နှင့် ချီ ဘေးလွတ်ရာသို့ ရှောင်ပြေးနေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အခု မထွက်သေးဘူးကြားတယ်။ အကုန်ရှောင်နေကြရတယ်။ ၁၂ ရက်နေ့ ညနေက စရှို့တာပါ။ သခွတ္တနယ် စံပြကျေးရွာကို မီးရှို့နေကြတယ်ဗျ။ ဒီနေ့လည်း ထပ်ရှို့နေတယ်ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကားလမ်းဘေးရှိ ဈေးတန်းကို မီးတင်ရှို့နေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်လောက်မှ စ၍ သခွတ္တ စံပြကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ညနေ ၅ နာရီခွဲချိန်မှ စ၍ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် လက်ရှိအချိန်ထိ ရွာထဲမှ မထွက်သေးသည့်အတွက် မီးလောင်ဆုံးရှုံးမှု အရေအတွက်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article