31 C
Yangon

မုံရွာမြို့ရှိ ကျောက်စစ်ပုံအမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

မုံရွာမြို့ရှိ ကျောက်စစ်ပုံအမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကျောက်စစ်ပုံ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း One Star PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မုံရွာမြို့ မြောက်ဘက်မှာရှိ ကျောက်စစ်ပုံ အမြောက်တပ်ကို တော်လှန်ရေး ပူးပေါင်းများမှ လက်နက်ကြီး ၆၀ မမ ၊ ၈၀ မမ တို့ဖြင့် ၁ နာရီနီးပါးခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ၆၀ မမ၊ ၈၀ မမများဖြင့် အမြောက်တပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း အမြောက်တပ် အတွင်းမှ ထွက်မလာဘဲ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ၈ ရက်နေ့ မွန်းလွဲ ၁၂နာရီလောက်ကပါ။ တာဝေးပစ်နဲ့ အဖွဲ့ ကျွန်တော်တို့ ၂ ဖွဲ့ တခြားနယ်က အဖွဲ့ ၃ ဖွဲ့ရယ် အားလုံး ၅ ဖွဲ့ ၁ နာရီလောက်ပစ် ခတ်ခဲ့တယ်။ နေရာသိပ်မဝေးပါဘူး။ သူတို့ထွက်လာရင် တိုက်ပွဲက ဆက်ဖြစ်အုန်းမယ်။ ဒါပေ့မဲ့သူတို့က မထွက်လာဘဲ ၆၀ မမနဲ့ ပြန်ပစ်နေလို့ ကျွန်တော်တို့ အဖွဲ့အားလုံး ပြန်ဆုတ်ခွာခဲ့ရတယ်။ ပစ်တာက အလုံးရေ ၂၅ လုံးပါ ပစ်တာက သူတို့ တပ်ရဲ့ကွင်းထဲထိကျ ပါတယ်။ အထိခိုက်တော့ ၇ ယောက် သေဆုံးပြီး ၃ ဉီး ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု One Star PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေးဆိုးသသိုက်(Yinmarbin) ၊ ONE STAR People Defence Force PDF (Monywa) နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article