28 C
Yangon

အင်းစိန်မြို့နယ် ထွေအုပ်ဝန်ထမ်း အိမ်ရာဝင်း အတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရ

Must read

အင်းစိန်မြို့နယ် ထွေအုပ်ဝန်ထမ်း အိမ်ရာဝင်း အတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၃

ရန်ကုန်၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ဝန်ထမ်း အိမ်ရာ ဝင်းအတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း UDF (YGN) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်း ရပ်ကွက်၊ ဘိုကုန်း၊ ထွေအုပ်ဝန်ထမ်း အိမ်ယာဝန်းအတွင်း စစ်ကောင်စီက စီစဥ်ပြုလုပ် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ အသိုင်းအဝိုင်းများ ကစားကြသော ဖူဆယ်ဘောလုံးကွင်းကို ပြင်းအားများ ဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ကွင်းထဲထိ ဝင်ထောင်ခဲ့ရတာပါ။ ဒီဖူဆယ်ကွင်းက ဖွင့်တာမကြာသေးဘူး။ စကစ အကြီးပိုင်းကပဲလာဖွင့်ပေးသွားတာ သူတို့ စကစ လူတွေနဲ့ ထွေအုပ် ကလူတွေကန်ကြတာ သေချာတယ်လို့ သတင်းရထားပါတယ်။ ပွဲကန်နေရင် လည်း စကစ စစ်ကားတွေစောင့်ပေးတယ်။ အဲ့ဒီကားတွေ လာမယ့် လရက်ကို သေချာထောင်တာပါ။ ကားတွေနားမှာ ပွဲကြည့်တဲ့ ပြည်သူတွေရှိနေတတ်လို့ ကွင်းထဲထိဝင်ထောင်လိုက်ရတယ်။ နှစ်လုံးကွဲတယ်။ ဒုတိယတလုံးမှာ ရန်သူ နှစ်ယောက်ထိတယ်လို့ကြားသိရပါတယ်” ဟု ရန်ကုန် UG အင်အားစု အဖွဲ့တစ်ခုဖြစ်သည့် UDF (YGN) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article