ရန်ကုန်တွင် ကျောင်းသား လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၁၃
ရန်ကုန်တွင် ဗကသများ အဖွဲ့ချုပ်နှင့် Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းကာ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။