ကလေးမြို့မှာ ဆေးခန်းလာပြတဲ့ သားအမိနှစ်ဦးကို စစ်တပ်က သတ်ဖြတ် မီးရှို့ အလောင်းဖျောက်
ရန်ကုန် ၊ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် စက္ကန့်ရွာအနီး စစ်တပ်က သားအမိနှစ်ဦးကို သတ်ဖြတ်ကာ မီးရှို့ အလောင်း ဖျောက်ဖျက် ခဲ့တယ် ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့အနောက်တောင်ဘက် စက္ကန့်ကျေးရွာအဝင် ကျောက်ခွဲစက်အနီး သြဂုတ် ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ် မီးရှိူ့ထားခဲ့တဲ့ရုပ်အလောင်းနှစ်လောင်းနဲ့ဆိုင်ကယ်တစ်စီးကို ဒေသ တော်လှန်ရေးအင်အားစုတွေကတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါသတ်ဖြတ် မီးရိူ့ခံရတဲ့ ရုပ်အလောင်းနှစ်လောင်းဟာ ကလေးမြို့တောင် ဘက် ကျွန်းချောင်းကျေးရွာက ဒေါ်ဟွေးအီယာန် (Nu Hoi Iang ) အသက် (၅၀) ကျော် နှင့် ၊ သားဖြစ်သူ စမူအဲလ်(Samuel) အသက် (၃၀) ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ သားအမိနှစ်ဦးဟာ ကလေးမြို့ တာဟန်း ကိုဆေးကုသဖို့ လာရောက်လာစဉ် စစ်ကောင်စီ တပ်ရဲ့ စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ကလေးမြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
စစ်ကြောင်းစတင်ထိုးတဲ့သြဂုတ်လ ၁၀ ရက်နေ့ညနေပိုင်းကလည်း စစ်ကောင်စီ စစ်သားတွေရဲ့ပစ်ခတ်မူကြောင့် တောင်ဖီလာရပ်ကွက်မှာ ဆိုင်ကယ်စီး လာတဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

