သပိတ်ကျင်းတွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ မြောင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၄
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၃ ရက် နံနက် ၇ နာရီ ၁၃ မိနစ်တွင် တကောင်းတိုက်နယ်အတွင်း မွှေနှောက် သောင်း ကျန်းပြီး ဆင်းလာသော အကြမ်းဖက်စစ်ကြောင်းကို ဆယ်ဇင်းကုန်းကျေးရွာနှင့် မင်းကုန်းကျေး ရွာကြား ၌ မိုင်း ၅ လုံးဖြင့် တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၆ မိနစ်တွင် ဆယ်ဇင်းကုန်းကျေးရွာအနီး၌ မတောင်ရွာ ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်သားများတင်ဆောင်ထားသည့် ဖောကားတစ်စီးကို စလစ်မိုင်း ဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မင်းကုန်းရွာနှင့် ပုတီးဖြူရွာကြား၌ လူကပ်ချိန်မရသဖြင့် ချန် ထားခဲ့သော စလစ်မိုင်း ၄ လုံးပါ ဆွဲမိုင်းကို အကြမ်းဖက်စစ်သားများမှ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီး ဆွဲကြိုးကို ခလုပ်တိုက်မိရာ မိုင်းထကွဲပြီး အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့ကြောင်း သိရ သည်။
သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းမှ ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်း ကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အများအပြားသေဆုံးဒဏ်ရာရရှိကာ ကြာညှပ်ကျေးရွာနှင့် ရွှေ စကားကျေးရွာကြားအရောက် သေဆုံးစစ်သားများကို နားရေးကားများဖြည့်လည်းကောင်း၊ ဒဏ်ရာရ စစ် သားများကို ဖောကားဖြင့်လည်းကောင်း သယ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ကြာညှပ်ထံမှ သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲစခန်းနှင့်ထွေအုပ်ရုံးကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Myaung Union Army – ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြောင် ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က မြောင်မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်ရာ ရဲစခန်း အတွင်း၌ အောက်ဟစ်သံများ ဆူညံပွတ်လောရိုက်သွားကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို စိတ်ဓာတ်စစ် ဆင်ရေးတစ်ခုအဖြစ် ကြောက်ရွှံထိန့်လန်နေစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြောင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါခိုက်မှုကို M. U .A. မြောင်ပြည်သူ့တပ်မတော်၊ M.U.A 002၊ CDSOM၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်း ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ၊ တပ်ရင်း ၁ တပ်ခွဲ ၃ ၊တပ်ရင်း ၆ တပ်ခွဲ ၃ နှင့် အခြား မဟာမိတ် တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။