22.2 C
Yangon

ကလေးမြို့ရှိ သာစည်ကျေးရွာသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါးကုသမှုခံယူရ

Must read

ကလေးမြို့ရှိ သာစည်ကျေးရွာသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါးကုသမှုခံယူရ

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ် ဓာတ်ငွေ့ များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦးခန့် အဆိပ်သင့် ဆေးဝါးကုသ မှုခံယူခဲ့ ရကြောင်း ဆေးဝါးကုသပေးနေသည့် ဆေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ လက်နက်ကြီးများကို အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲရာတွင် မည်းမည်း ညစ်ညစ် မီးခိုးများ ထွက်ရှိလာကာ အနံ့သည် စိမ်းရွှေရွှေဖြစ်ကြောင်း၊ အနံ့ရှူရှိုက်မိရာတွင်လည်း လည်ပင်းထဲတွင် စပ်ရှရှဖြစ်ခြင်း၊ အပူချိန် တက်ခြင်း၊ သွေးပေါင်ချိန် ကျ၍ ခန္ဓာကိုယ် နုံးချိ လက်ထိပ်ခြေထိပ်ကျင်တက်ခြင်း၊ အသက်ရှူမဝခြင်း ၊ ခေတ္တ သတိလစ်မေ့မျောခြင်း လက္ခဏာများ တွေ့ရှိခဲ့ရကြောင်း ဆေးတပ်ဖွဲ့ရဲ ဘော် တစ် ဦးက ပြောဆိုသည်။

“လူတော့မသေဘူး အဲဒီဟာက။ မူးဝေ ပျော့ခွေပြီး မပြေးနိုင်တာတွေဖြစ် ကုန်တာ။ ရေလောင်းရင်လည်း မီးကလောင်သေးတာ သူတို့ဗုံးသီးတွေက။ ခုပစ်နေတဲ့ဟာတွေ အရင်က မသုံးဘူး။ ခု ဒကစမှူးအသစ် အောင်နိုင်ဦး သူရောက်မှ စသုံးတာ”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကြီးအမျိုးအစားသိစေရန် အတည်ပြု နိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သာစည် ကျေးရွာသို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးပစ်ခတ်ရာတွင် ၄ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲပစ်ခတ်‌ခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် သာစည်ကျေးရွာတွင် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆေးတပ်ဖွဲ့က ကုသမှုပေးနေစဉ်။

ဆေးတပ်ဖွဲ့က ကုသမှုပေးနေစဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article