26 C
Yangon

စဥ့်ကူးတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခင်ဦးတွင် ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

Must read

စဥ့်ကူးတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခင်ဦးတွင် ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၈

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ဥဒေါင်းမင်း THE KING PEACOCK LDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စဥ့်ကူးမြို့နယ် လက်ပန်လှရွာမှ ရွှေပြည်ရွာကို ထွက်ခွာလာသည့် အင်းအား ၁၀ ဦးခန့်ပါ စစ်သားများ လိုက်ပါလာသော အိမ်စီးကားကို ရွှေပြည်-ညောင်၀န် လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဥဒေါင်းမင်း THE KING PEACOCK LDF၊ စဥ့်ကူးမြို့နယ် ပကဖနှင့် တော်လှန်ရေး အင်းအားစုများ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Local Lake Guerrilla Revolution Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီ ၄၅ မိနစ်တွင် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမနှင့် ၁၂၀ မ နှစ်ဆင့်ကွဲ မိုင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Local Lake Guerrilla Revolution Force တပ်ဖွဲ့ နှင့် ခင်ဦးမြို့နယ် Local Pdf မဟာမိတ်ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article