စစ်တပ်၏ ယုတ်မာမှုများကြောင့် ဒုက္ခရောက်နေရသည့် စစ်ကိုင်းပြည်သူ များ အတွက် နိုင်ငံတကာ အကူအညီရရှိရေး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကိုင်းဖိုရမ်တို့ ဆွေးနွေး
ရန်ကုန်၊ ဩဂုတ် ၁၉
စစ်ကိုင်းဖိုရမ်အဖွဲ့နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်း တို့ တွေ့ဆုံကာ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေး ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်းပြည်သူဖေးမကူ ကွန် ရက် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် စစ် ကိုင်း ဖိုရမ်တို့ Zoom platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ် ပြီး ယင်းဆွေးနွေးပွဲသို့ စစ်ကိုင်း ပြည်သူ ဖေးမကူကွန်ရက်မှ ကိုယ် စားလှယ် တစ်ဦး တက်ရောက်၍ ကွန်ရက်၏မူဝါဒ၊ ဖွဲ့စည်းပုံနှင့် လုပ် ငန်းစဉ်များ၊ တိုင်း တွင် အရပ်သား ပြည်သူ ထိခိုက်မှုအခြေအနေများကို ဆွေးနွေးတင်ပြ ခဲ့ကြောင်း သိရှိရသည်။
“အဓိက ကတော့ စစ်ကိုင်းဖိုရမ်အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြတဲ့ ဟာ ရယ်၊နောက်ပြီးတော့ စစ် ကိုင်းတိုင်းက နွေဦးတော်လှန်ရေးမှာ အရပ်သား ပြည် သူ ထိခိုက်မှုက အများဆုံးဆိုတဲ့အခါကျတော့ အရပ် သားပြည်သူ ထိခိုက်မှု တွေ အတွက် ကုလသမဂ္ဂကအကူအညီတွေရဖို့ကိစ္စတွေဆွေးနွေးတယ်၊ နောက် ပြီး တော့သံအမတ်ကြီးက နောက်နှစ်သက်တမ်းရွေးချယ်ခံ ရမှာဖြစ်တဲ့ အတွက် ကြောင့် အဲဒီအပေါ်မှာ စစ်ကိုင်းတိုင်းက မြေပြင်အားအားစုတွေကနေ ဘယ်လို ရပ်တည်ထောက်ခံပေးမလဲဆိုတဲ့အပိုင်းတွေ ပေါ့ နော၊ အဓိကတော့ အဲဒီ ၃ ချက် ကို ဆွေးနွေးဖြစ်ပါတယ်ဗျ” ဟု စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
ယင်းအစည်းအဝေး၌ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် အစည်းအဝေး တက် ရောက် လာကြသူများအ ကြားရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး လူသားချင်းစာနာမှုအကူအညီများကို မြေပြင်၌ အမှန် တကယ်လုပ်ကိုင် နေ သော အဖွဲ့အစည်းများထံရောက်ရှိစေရန် ကုလသမဂ္ဂနှင့် ချိတ်ဆက်ရန် ရှိကြောင်း သိရှိရသည်။
“စစ်ကိုင်းတိုင်းက ပြည်သူတွေက မြေပြင်မှာ ထိခိုက်မှုကတော့ များတယ်ဗျ၊ ဒါပေမယ့် နိုင်ငံတကာကို ပျံ့နှံ့ရောက်ရှိမှုက နည်းတယ်ဆိုတဲ့အခါကျတော့ သူ့အနေနဲ့လည်း ကုလသမဂ္ဂမှာ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ကိစ္ စတွေက တစ်ချို့ကိစ္စတွေမှာ စစ်ကောင်စီဘက်ကို သွားနေတာတွေရှိတယ်ပေါ့၊ အဲဒါ တွေက မြေပြင်ကို တကယ်မရောက်ဘူး၊ တချို့ဆိုရင် ရန်ကုန်နားပတ်ချာ လည်တင် ဝေပြီးတော့ ပြန်လာတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပေါ့၊ အဲဒါ ကြောင့် မြေပြင်မှာ တကယ်လုပ်နေတဲ့အဖွဲ့တွေ တကယ်ရောက်တဲ့ အဖွဲ့တွေ ဆီကို သူ့အနေနဲ့ပိုမိုပြီးတော့ ကုလသမဂ္ဂနဲ့ချိတ်ဆက်ပေးမယ်လို့တော့ ပြောပါ တယ်” ဟု စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်လုပ်ငန်းအဖွဲ့ ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ရှင်းပြသည်။