26 C
Yangon

အကြမ်းဖက်စစ်တပ်က မတရားအမှုဆင် ဖမ်းဆီးထားသည့် သာသနာရေးဝန်ကြီး သူရ ဦးအောင်ကို ဆေးကုသခွင့်မရ၍ ကျန်းမာရေး ဆိုးဝါးလာ

Must read

ရန်ကုန်၊ မတ် ၁၅

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂နှစ် ချမှတ်ထားသည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုသည် ဆေးကုသခွင့်မရရှိသဖြင့် ထောင်တွင်း ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း သိရှိရသည်။

ဆီးချို ၊ နှလုံး ၊ သွေးအားနည်းရောဂါ အခံရှိသည့် အသက် ၇၅ နှစ်အရွယ် သူရဦးအောင်ကိုသည် အင်းစိန်အကျဉ်းထောင် ၁၀ ပေ ပတ်လည်အခန်းတွင် ဖမ်းဆီးခံထားရပြီး ထောင်တွင်းဆေးဝါးကုသမှု မရရှိကြောင်း သိရှိရသည်။

“ထောင်ဝင်စာကို ၂ပတ် တစ်ကြိမ်ပဲ ပို့ပေးလို့ရတယ်။ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၄ ခု အမှုဆင်ဖမ်းဆီပြီး ဥပဒေမဲ့ ထောင်ဒဏ်များချမှတ်ထားခြင်းဖြစ်သည်။

သူရဦးအောင်ကိုသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သော သူရဘွဲ့ရ စစ်ဗိုလ်ချုပ်ဖြစ်ကာ လူထုဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာသူဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်း ခံထားရသော သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တရားရုံးတွင် အမှုရင်ဆိုင်ရစဉ်ကာလ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article