31 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် ညနပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် ညနပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ကရင်နီ-ပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၇၁ ဦးသေသွားတဲ့အပြင် လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်း ဆည်းရရှိခဲ့ပြီး ၊ တော်လှန်ရေ ရဲဘော် ၃ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ Demawso PDF-1102 ကနေ သတင်းထုတ် ပြန်ထားပါတယ်။

– မြဝတီ-ကော့ကရိတ် လမ်းပိုင်းမှာ ကျားဖြူတပ်ခွဲ ၄ က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကနေ ခရီးသွား ပြည်သူတွေအတွက် လုံခြုံရေးယူပြီး စစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

– ကျင့်ဝတ်ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေအတွက် လှူဒါန်းတဲ့ ဆွမ်းစားရင် သံရည်ပူလို ဖြစ်လိမ့်မယ်လို့ ဝေဖန်ထောက်ပြခဲ့တဲ့ “ဘာမှမမျှော်လင့်နဲ့” အမည်ရ ရုပ်ရှင်ဇာတ်လမ်းမှာ ပါဝင်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် စုစုပေါင်း ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

– စစ်ကိုင်းဖိုရမ်အဖွဲ့ နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်း တို့ တွေ့ဆုံပြီးတော့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အရေး ကို ထည့်သွင်းဆွေးနွေးခဲ့ကြတဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article