26 C
Yangon

ခင်ဦးမြို့နယ်၊တမုတ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရွာကိုစီးနင်း မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံး ကျွတ် ပြာကျ

Must read

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ တမုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၁၅ရက်နေ့တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆို အကြမ်းဖက် စစ်ကောင်စီ စစ်သားများကို တမုတ်ကျေးရွာရှိ ပျူစောထီးအဖွဲ့များနှင့် မကျီးတုံကျေးရွာရှိ ပျူစောထီး အဖွဲ့များက ခင်ဦးမြို့ရှိ အကြမ်းဖက် စစ်သားများကို ကား၅စီးဖြင့် တမုတ်ကျေးရွာသို့ ခေါ်ဆောင်ကာ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုင်းပြီး ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တမုတ်ကျေးရွာ အတွင်းရှိ ပျူစောထီး နေအိမ် ၅လုံးသာ ကျန်ရှိခဲ့ပြီး နေအိမ် ၉၃လုံးကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကား၁စီး၊ ဆိုင်ကယ် ၇စီး၊ ရေတင်စက် ၈လုံး၊ ဓာတ်ဆီအင်ဂျင် ၃လုံး ၊ နွား၃ကောင်၊ ဆိတ် ၅ကောင်နှင့် ဝက် ၁ကောင် တို့ကို သတ်ဖြတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များသည် ကျေးရွာ အတွင်းရှိ ပြည်သူပိုင် ၁၂ ဘီးကားကြီးပေါ်သို့ ၎င်းတို့ ခိုးယူလုယက်ထားသည့် ပြည်သူပိုင် ပစ္စည်းများနှင့် အစားအသောက်များကို တင်ဆောင်ကာ ယနေ့ နံနက် အစောပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် အစားအသောက်နှင့် ဆေးဝါး ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိပြီး ပြည်သူများ အနေဖြင့် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ပေးရန် ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article