28 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး တော်လှန်ရေး ၅ ဦးကျဆုံးကာ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ ကြောင်း၊ လက်ရှိတွင် ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရကြောင်း စစ်ကိုင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ အရှေ့ခြမ်း၊ ပဒူရွာမှ ထွက်လာသာ စစ်ကြောင်းက ခက်ခရွာကို ပစ်ခတ်စီးနင်းရာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ယင်းနောက် မန္တလေး- မြစ်ကြီးနားရထားလမ်းပြင်ရန် ခက်ခရွာတွင် စစ်တပ်က တပ်စွဲခဲ့ ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် ခက်ခကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းက စမွန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ခက်ခကျေးရွာ၊ အနာက်ခြမ်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၂၁ ရက်နေ့တွင် ကျွန်းဦးတောကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကိုင်းမြို့နယ်၊အနောက်ခြမ်းရှိ ပေါက္ကား ရွာကို စစ်တပ်က ပစ်ခတ်စီးနင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း၊ စစ်တပ်က ရွာသား ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့အတူ ဩဂုတ်လ ၂၀ရက်နေ့တွင်မူ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည် နေသော စစ်တပ်စစ်ကြောင်းသည် အင်းစရွာအနီး တွင် မိုင်းမိ၍ ကြောင်း၊ မိုင်းထိသော စစ်တပ်စစ်ကြောင်းက ၎င်းတို့ ချီတက်ရာ လမ်းတစ်လျှောက်ရှိ တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်ပင်ရှည်ရွာတွင် ညအိပ်ရပ်နားခဲ့ ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညောင်ပင်ရှည်ရွာမှ စစ်တပ်စစ်ကြောင်းက မူးမြစ် အနောက်ဘက်ရှိ မြင်းမူ၊မူးမန္တလေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရွာမြောက်ပိုင်းမှ အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ၊ စစ်တပ်စစ်ကြောင်းက ညောင်ပင်ရှည်၊အိုင်းဓမ္မ၊သာဇင် တောတိုက်များအတွင်းလှည့်လည်ကာ စစ်ရှောင်ပြည်သူ အချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က ပေါက်မရွာအုပ်စုဘက်သို့ စစ်ကြောင်း ထိုး ပေါက်မ တောင်ရွာဘုန်းကြီးကျာင်းတွင် ညအိပ်ရပ်နားခဲ့ ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် အစောပိုင်း စစ်တပ်စစ်ကြောင်းက ထန်းတောဆိပ် ရွာကို ပစ်ခတ်၀င်ရောက်စီးနင်းခဲ့ပြီး ကင်းစောင့်နေသည့် ရဲဘော်၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် အလောင်း ကောက်သည့် တော်လှန်ရေး ရဲဘော်၃ ဦးကို စစ်တပ် ကင်းပုန်းက ပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော် ၁ ဦး ထပ်မံကျဆုံးခဲ့ကြောင်း၊ စစ်တပ်က မထွက်ခွာမီ ထန်းတောဆိပ်ရွာကို မီးတင်ရှို့ ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ် အနောက်ခြမ်း/အရှေ့ခြမ်းရှိ ပဒူတိုက် နယ် ရွာများအားလုံးမှ ပြည်သူများမှာ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် မိုးလေထဲ စစ်ရှောင်နေရပြီး ခက်ခဲပင်ပန်းစွာ နေထိုင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article