27 C
Yangon

သာစည်ရွာကို စစ်တပ်က ၈ ရက်ဆက် မီးတင်ရှို့နေပြီး မီးမလောင်သည့် နေအိမ်များကို ဘူဒိုဇာ များဖြင့် ဖြိုချ ဖျက်ဆီး၊ ရွာထဲ၌ စစ်တပ်က တပ်စွဲထား

Must read

သာစည်ရွာကို စစ်တပ်က ၈ ရက်ဆက် မီးတင်ရှို့နေပြီး မီးမလောင်သည့် နေအိမ်များကို ဘူဒိုဇာ များဖြင့် ဖြိုချ ဖျက်ဆီး၊ ရွာထဲ၌ စစ်တပ်က တပ်စွဲထား

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကို စစ်တပ်က ၈ ရက်ဆက် မီးတင်ရှို့နေပြီး မီးမလောင်သည့် နေအိမ်များကို ဘူဒိုဇာ များဖြင့် ဖြိုချ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို ထပ်မံမီးရှို့နေပြီး ရွာထဲ၌ ဝင်ရောက် တပ်စွဲထားကာ နေ့စဥ်ရွာကို မီးရှို့ဖျက်ဆီးနေပြီး အကြမ်းဖက်စစ်တပ်က သာစည်ရွာအတွင်း ထပ်တိုး အင်အားများလည်း နေ့စဉ်တိုးချထားကြောင်း သိရသည်။

“သာစည်မှာက ဘူဒိုဇာတွေ ရှိတယ် ။ စစ်ခွေးကား အသေးနဲ့ရော အကြီးနဲ့ရော နေ့တိုင်း အင်အားပို့တယ် သာစည်ကို ဘူဒိုဇာတွေက မီးရှို့မရတာတွေကို ဖြိုနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြာသည်။

သာစည်ကျေးရွာကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အကြမ်းဖက်စစ်တပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှ စ၍ ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီးနေ့ခြင်းဖြစ်ကြောင်း၊ သာစည်ကျေးရွာမှ ပြည်သူများသည် နီးစပ်ရာ နေရာများ၌ စစ်ဘေးရှောင်တိမ်း နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article