25 C
Yangon

အကြိမ်ကြိမ်အခါခါ လုပ်ကြံခံရသော်လည်း မသေခဲ့သည့် စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူ ထောက်ကြန့် ရွှေထွန်း ဦးခေါင်းပစ်ခတ်ခံရပြီး သေဆုံး၊ မတ္တရာတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ မတ် ၁၆

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ လမ်းသစ်လမ်းနှင့် ဗိုလ်တေဇလမ်းထောင့်တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ရွှေထွန်း ကားမောင်းလာစဉ် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန် ရွှေထွန်းကို အမည်မသိသူတချို့က သေနတ်ဖြင့် ၆ ချက် ဦးခေါင်းကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ရွှေထွန်းသည် စစ်ကောင်စီသတင်းပေး အဖြစ် လုပ်ကိုင်သူဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း PDF များ စစ်တပ် ဆန့်ကျင်သူများကို စိန်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မကြာခဏ လုပ်ကြံခံရ သဖြင့် ဆေးရုံတက်ရပြီး မသေခဲ့သော်လည်း ယခုနောက်ဆုံးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုပဲ ထောက်ကြန့် လမ်းသစ် လမ်းနဲ့ ဗိုလ်တေဇ လမ်းထောင့် ဒလန် ရွှေထွန်း အပစ်သတ်ခံလိုက်ရပြီဗျ။ Hijet ကားမောင်းနေရင်း အပစ်ခံရတာ။ ၆ ချက်လောက် အပစ်ခံလိုက်ရတာ။။ ပစ်သတ်သွားလို့ သေပါပြီ။တော်တော် ဒုက္ခပေးခဲ့တဲ့ဒလန်ပါ။ စစ်သားတွေ အများကြီး လမ်းပိတ်ပြီး စစ်ဆေးနေလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် စစ်ကောင်စီခန့် ကံဘဲ့ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူး ဝင်းမင်းတိုး သည် ယမန်နေ့ မတ်လ ၁၅ ရက်၊နံနက် ၈ နာရီအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း၊ နေအိမ်မှလမ်းလျှောက်ရန်ထွက်သွားပြီးနောက် ကျေးရွာထိပ်ရှိ ရွှေတစ်ချောင်းမြောင်းဘောင်အနီး ထိုင်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article