KNU နယ်မြေရှိ CDM ဝန်ထမ်း များကို စားနပ်ရိက္ခာနှင့် အဝတ်အစားများ လှူဒါန်း
ရန်ကုန်၊ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ KNU နယ်မြေရှိ CDM ဝန်ထမ်းများကို စားနပ်ရိက္ခာနှင့် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း AAC ကိုရဲမင်းဦးဆောင်သောအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် အဆိုပါ CDM ဝန်ထမ်းများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားညီ အစ်ကို မောင်နှမများမှ စုပေါင်းထောက်ပံ့သော စားနပ်ရိက္ခာများ၊ အဝတ်အထည်များ စုစုပေါင်း ငွေကျပ် သိန်း ၇၀ ဖိုးခန့်ကို AAC ကိုရဲမင်းအဖွဲ့မှ ဦးဆောင်ကာ သွားရောက်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေမှ တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး အား ပေး စကားပြောကြားခဲ့ကြောင်း သိရသည်။





