34 C
Yangon

ကနီမြို့နယ်ရှိ နွားခြံကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ကနီမြို့နယ်ရှိ နွားခြံကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ နွားခြံကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နဂါးညီနောင်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ကရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကနီမြို့နယ် နွားခြံကုန်း ကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၀ ရက်‌နေ့ မွန်းလွဲ ပိုင်းတွင် နွားခြံကုန်းကျေးရွာ အနောက်ဘက် တောပြင်ရှိ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက် စစ်သားများက လုယက်ရန် လာရောက်စဥ် ရှေ့ပြေးတပ်နှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းများရရှိကာ ၁ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မဟာမိတ် တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရရှိခဲ့ကြောင်းသိရှိသည်။

တိုက်ပွဲများသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ အထိ ဆက်လက် ဖြစ်ပွားနေပြီး ကျည်အရေးပေါ်လိုအပ်ချက်များရှိကြောင်း၊ ပြည်များအနေဖြင့် ပါဝင်လှူတန်း ကြရန် မေတ္တာရပ်ခံကြောင်း နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article