31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ သြဂုတ် ၂၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်နှင့် ၂ နာရီ ၃၀ မိနစ်တို့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ သဲသောမူသဲသောခွား ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၆ လုံး ကျဲချခဲ့သောကြောင့် အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး ဗုံးစထိမှန် သေဆုံးခဲ့ရပြီး KNLA-ပူးပေါင်းတပ်ဖွဲ့မှ အသက် ၂၃ နှစ်အရွာ် ရဲဘော် မေတ္တာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၂၄ ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းသည် ညောင်လေးပင်ရွာတွင် အခြေချပြီး ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ချိုအင်းကျေးရွာ တွင် ၃ လုံး၊ ပန်းတင်ကုန်းကျေးရွာတွင် ၁ လုံး၊ တောက်တန်းကျေးရွာတွင် ၂ လုံး နှင့် သက်ကယ်ကုန်း ကျေးရွာတွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ချိုအင်းကျေးရွာအတွင်းကို လက်နက်ကြီး ၄ လုံးထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခမရ ၂၆၄ တပ်ရင်းသည် ကျောက်တံခါးမြို့နယ် ပိန်းဇလုပ်တွင် အခြေချပြီး ၁၀၅ မမ နှင့် ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ည ၇ နာရီ ၃၀ မိနစ်တွင် တလှဲခင် ကျေးရွာအတွင်းကို ၈ လုံး၊ ည ၇ နာရီ ၅၈ မိနစ်တွင် လိန်ပင်ကျေးရွာ အတွင်းကို ၁ လုံး၊ ည ၉ နာရီ ၃၅ မိနစ် တွင် ငါးဖယ်အင်းကျေးရွာ အတွင်းကို ၆ လုံးပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးနှင့် ခရစ္စယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၅၆ မိနစ်တွင် ခြောက်သဲစုကျေးရွာ၊ ဝါးပင်စုကျေးရွာ အလယ်နှင့် ငါးဖယ်အင်းကျေးရွာများ အတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၁ မိနစ်တွင် တောကြောင်ပေါက် အလယ်ရွာသစ်သို့ လက်နက်ကြီး ၂ လုံးနှင့် နံနက် ၈ နာရီ ၄၈ မိနစ်တွင် သောင်ပုကျေးရွာ အရှေ့ပိုင်းကို လက်နက်ကြီး ၄ လုံးကို ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article