31 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ၆ ဦးကို တိုက်ခိုက်မှု အားလုံးသေဆုံးပြီး သေနတ် ၅ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ

Must read

ရေစကြိုမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ၆ ဦးကို တိုက်ခိုက်မှု အားလုံးသေဆုံးပြီး သေနတ် ၅ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာအကြား တွင် စစ်တပ် လက်အောက်ခံ ပျူစောထီး ၆ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး စလုံးသေဆုံးသွားပြီး သေနတ် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ် ၂၅ ရက် နံနက် ၆ နာရီခန့်အချိန် ဂွေးချိုပျူစောထီးရွာမှ ပျူစော ထီး ၆ ဦးသည် ဆင်ချောင်းကျေး ရွာရှိ ၎င်းတို့၏ ပျူစောထီး ခေါင်း ဆောင်ထံသို့ စူပါကာစတန်ကားဖြင့် ဂါရဝလက်ဆောင်သွား ရောက်ပို့ ဆောင်စဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ နေရာ တွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်သေနတ် ၅ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၁၀၆ တောင့်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“ဆင်ချောင်းက ပျူခေါင်းဆောင်ဖြစ်တဲ့ သူ့ဆရာ ဘောကို သွားမတာ၊ အဲဒီ အချိန် လမ်းကနေ စောင့်တိုက် တာ၊ ၆ ကောင်လုံးကားပေါ်တင် သေသွားတယ်၊ စူပါကာစတန်နဲ့သွားတာ၊ ဂွေးချိုကနေ ဆင်ချောင်းကို ကူးတဲ့အချိန်မှာ လမ်းက နေ ကင်းစောင့်ပြီး တိုက်ခိုက်ခဲ့တာ၊ ကားကတော့ မီးမရှို့ခဲ့ရဘူး၊ ပျူနှစ်ရွာကြား ဆိုတော့ နောက်ကနေ တောက်လျှောက်လိုက်လာတာဆိုတော့ အချိန်မ ရ လိုက် ဘူး” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖနှင့် ပခုက္ကူခရိုင် တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

(ပစ်ခတ်တိုက်ခိုက်သည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/134565 နှင့် https://t.me/khitthitnews/134560 တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article