34 C
Yangon

စလင်းမြို့နယ်၊ ကျွဲဦးရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၂၅ လုံးပြာကျ၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

စလင်းမြို့နယ်၊ ကျွဲဦးရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၂၅ လုံးပြာကျ၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ သြဂုတ် ၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွဲဦးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၅ လုံးပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က စလင်းမြို့နယ်၊ ကျွဲဦးရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၁၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စလင်းမြို့နယ် ငလှိုင်တွင်းရွာမှ ပ.က.ဖ (စလင်း) နှင့် မြို့နယ်အတွင်းရှိ တပ်ရင်းများ စိုးမိုးထားသော နယ်မြေကို စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျွဲဦးရွာကို ဆက်လက် မီးရှို့ကာ ပြန်လည် ဆုတ်ခွာသွားစဥ် ပ.က.ဖ (စလင်း) က မိုင်းဆွဲ တိုက်ခိုက်စဥ် စစ်သားများ ထိခိုက်မှု များပြားခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျွဲဦးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ထပ်မံ ဝင်ရောက်လာပြီး ကျန်ရှိနေသော နေအိမ်များကို ထပ်မံမီးရှို့ပြီးနောက် အကြမ်းဖက် စစ်တပ်က ပြန်လည်ဆုတ်ခွာ သွားကြောင်းသိရသည်။

” စစ်ခွေးအထိအခိုက်ရှိပါတယ်။ ကျွန်တော်တို့နယ်မြေအတွင်း ဝင်လာချိန် မိုင်းတောက်လျှောက်မိတာရယ် ကျေးရွာမီးရှို့ပြီး ပြန်ဆုတ်ချိန် တိုက်မိုင်းများမိပြီး အထိအခိုက်များပါတယ်။ အရေအတွက် အတိအကျတော့မသိပေမယ့် အထိအခိုက် ၃၀ ကျော်ဝန်းကျင်ရှိပါတယ်။ သေဆုံးမှုရှိပေမယ့် အတိအကျမသိရသေးဘူး” ဟု စလင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article