29 C
Yangon

ကော့သောင်းတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးသူ စုကမ်း ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ခင်မောင်ထွေးနှင့် ယင်းနေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ခမောက်ကြီးမြို့၊ အောင်ချမ်းသာရွာအုပ်စု ယုဇနဆီအုန်း ကုမ္ပဏီလုပ်သား စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ပျိုးခင်းဇုံ တာဝန်ခံ ကျော်သန့်တို့လည်း ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးများ ၊ ပျူစောထီးများနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးသူများကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article