27 C
Yangon

မန္တလေးတွင် ဆိုင်ခန်းတိုင်း CCTV ကင်မရာများ အတွင်း၊ အပြင် ၄ လုံး မဖြစ်မနေ တပ်ဆင်ရန်၊ CCTV မတပ်သော ဆိုင်ခန်းများကို လိုင်စင်ထုတ်မပေးဘဲ အရေးယူမည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

မန္တလေးတွင် ဆိုင်ခန်းတိုင်း CCTV ကင်မရာများ အတွင်း၊ အပြင် ၄ လုံး မဖြစ်မနေ တပ်ဆင်ရန်၊ CCTV မတပ်သော ဆိုင်ခန်းများကို လိုင်စင်ထုတ်မပေးဘဲ အရေးယူမည်ဟု စစ်တပ်က ခြိမ်းခြောက်

ရန်ကုန်၊ သြဂုတ် ၂၆

မန္တလေးမြို့တွင် ဆိုင်ခန်းဖွင့်လှစ်ထားသူများကို CCTVကင်မရာများ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တပ်ဆင်ရန်နှင့် မတပ်ဆင်သူများကို အရေးယူမည်ဟု စစ်တပ်က ခြိမ်းခြောက် လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လအတွင်း စတင်ကာ မန္တလေးမြို့၌ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို အကြမ်းဖက် စစ်တပ်၊ အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ဝန်ထမ်းများက CCTV များ တပ်ဆင်ရန် လိုက်လံခြိမ်းခြောက်စာပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် CCTV တပ်ဆင် အသုံးပြုရာတွင် အတွင်း ၂ လုံး၊ အပြင် ၂ လုံး တပ်ဆင်အသုံးပြုရန်ဖြစ်ပါကြောင်း၊ CCTV တပ်ဆင်ထားရှိမှသာ လုပ်ငန်းလိုင်စင် သက်တမ်း တိုးခြင်း၊ အသစ်လျှောက်ထားခြင်းများ ခွင့်ပြုမည်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက် ခြင်းမရှိသူများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်စာများ လိုက်လံပို့ဆောင်နေကြောင်း သိရှိရသည်။

“မန္တလေးမြို့က ဆိုင်တွေ အကုန်လုံးကို စစ်ခွေး၊ အုပ်ချုပ်ရေးမှူးတွေ စည်ပင်တွေက CCTV တွေ အတင်းအကြပ် တပ်ဆင်ခိုင်းနေတယ်။ CCTV မတပ်ထားရင် သက်တမ်းတိုးတာတွေ အသစ် လျှောက်ထားတွေ မလုပ်ပေးဘဲနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်​ စာတွေမှာ ရေးထားတယ်” ဟု ဒေပြည်သူတစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article