NUG နှင့်ဆက်ဆံရေး ထူထောင်မှုကြောင့် တီမောသံရုံးကို မြန်မာနိုင်ငံမှ ထွက်ခွာရန် စစ်ကောင်စီက နှင်ထုတ်
ရန်ကုန်၊ ဩဂုတ် ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံရေးထူထောင်ပြီး NUG ဝန်ကြီးများကို လက်ခံတွေ့ဆုံခဲ့သည့်အတွက် မြန်မာနိုင်ငံရှိ တီမောသံရုံးကို မြန်မာနိုင်ငံမှ ထွက်ခွာရန် စစ်ကောင်စီက နှင်ထုတ်ကြောင်း ပေါ်တူဂီ Lusa သတင်းဌာနက သတင်းဖော်ပြသည်။
စစ်ကောင်စီက အရှေ့တီမော အရှေ့တီမော-အရှေ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံရုံး ၏ တာဝန်ခံ Avelino Fernandes Ximenes Pereira ကို မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် နှင်ထုတ်လိုက် ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာက တီမောသံရုံးကို စစ်ကောင်စီက နှင်ထုတ်ခြင်းသည် လူ့အခွင့်အရေးကို ကာကွယ်သည့် တုံ့ပြန်မှုဖြစ်သောကြောင့် ဂုဏ်ယူသင့်သည်ဟု ပြေဆိုသည်။
“Timor-East အနေနဲ့ မြန်မာ စစ်တပ်အာဏာသိမ်းမှုပြီးတော့ အရပ်သားတွေ ကို သတ်ဖြတ်မှု၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကိုစစ်တပ်က သတ်ဖြတ်မှု တွေ အပေါ် ရှုတ်ချပါတယ်။ ပူတင်က ယူကရိန်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသလို မြန်မာနိုင်ငံမှာလည်း စစ်ရာ ဇ၀တ်မှု တွေအတွက် စစ်တပ်မှာ တာဝန်ရှိပါတယ်” ဟု တီမော သမ္မတက ပြောဆိုသည်။
တီမောနိုင်ငံက မြန်မာနိုင်ငံတွင် ပဋိပက္ခဖြေရှင်းချက်မရှာနိုင်ပါက အရှေ့ တီမော သည် အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဓာတ်ပုံ- NUG ဝန်ကြီးများနှင့်တွေ့ဆုံခဲ့သော တီမောသမ္မတ။