21 C
Yangon

ကလေးမြို့တွင် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်း PDF မိုင်းကွင်းထဲ အကြိမ်ကြိမ်ရောက်ပြီး သေဆုံးမှု များပြား၊ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် PDF မိုင်းကွင်းထဲရောက်ရှိပြီး မိုင်းများ ပေါက်ကွဲသဖြင့် သေဆုံးမှုများပြားကြောင်း ကလေး PDF က သတင်းထုတ် ပြန်သည်။

မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ဝန်းကျင်ခန့်သည် စစ်ကားကြီး ၁၄ စီး နောက်ချန်လိုက်ပါ၍ ကလေးနည်းပညာတက္က သိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်းကျေးရွာဘက်သို ဦးတည် စစ်ကြောင်းထိုးလာခဲ့ရာ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် စည်သာရွာနှင့် နတ်မြောင်းရွာအကြား၌ PDF (Kalay) တပ်ဖွဲများ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းသို ဝင်ရောက်သွားပြီး တိုက်မိုင်းများအကြိမ်ကြိမ်ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အများအပြားထိခိုက်သေဆုံးသွားနိုင်ဖွယ်ရှိကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်း စည်သာရွာဘက်မှ စစ်ကြောင်းများဖြန့်ခွဲ၍ နတ်မြောင်းရွာဘက်သို ဦးတည်၍ ဆက်လက်စစ်ကြောင်း ထိုးလာခဲ့ရာ လမ်းကြောင်းတလျှောက်တွင် PDF (Kalay) တပ်ဖွဲများတပ်ဆင်ထားသည့် တိုက်မိုင်း ကွင်းများအတွင်း ထပ်မံ ဝင်ရောက်သွားပြီး တိုက်မိုင်းများအကြိမ် ကြိမ်ထပ်မံထိ၍ အများအပြား ထိခိုက်သေဆုံးသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲများသည် နတ်မြောင်းရွာအတွင်း ဝင်ရောက်တပ်စွဲပြီးနောက် စည်သာရွာဘက်မှ နောက်ချန် ယာဉ်တန်းများဖြင့် ထွက်ခွာလာရာ PDF (Kalay) တပ်ဖွဲများက ၃ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက် ခဲ့သဖြင့် ကား ၁ စီး ထိမှန်ထိုးရပ်သွားခဲ့ရာ အဆိုပါကားကို PDF (Kalay) တပ်ဖွဲဝင်များက လက်နက်ငယ်များဖြင့် ထပ်မံ၍ ၅ မိနစ်ခန့် တရစပ်ပစ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲများဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်‌သော်လည်း အတည် ပြုနိုင်ခြင်း မရှိကြောင်း၊ အထိနာ‌သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်မြောင်းရွာနှင့် နတ်ချောင်းရွာ အတွင်းဝင်ရောက်ပြီး နေအိမ် အလုံး ၃၀ ကျော်ခန့်ကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်းတွင်း နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ လမ်းကြောင်း တလျှောက်တွင် PDF (Kalay) ၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများက အကြိမ်ကြိမ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများ နတ်ချောင်း၊ နတ်မြောင်းကျေးရွာဘက်သို ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၇ ဦးခန့် သေဆုံးပြီး၊ ပူးပေါင်းတပ်ဖွဲများဘက်မှ CNDF တပ်ဖွဲဝင်ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တချိန်တည်းတွင် စစ်ကောင်စီတပ်ဖွဲများ၏ အခြေစိုက်စခန်းတခု ဖြစ်သော ကလေးနည်းပညာတက္ကသိုလ်သို မွန်းလွဲ ၁ နာရီခန့်တွင် PDF (Kalay) တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက ချောင်းခွ၊ ဟားခါးလေးကျေးရွာများဘက်သို ဦးတည်၍ လက်နက်ကြီးများဖြင့် တစ်နေ့တာလုံး ရမ်းသမ်းပစ်ခတ်နေခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများ စစ်ကြောင်းထိုးလာရာလမ်းတစ်လျောက်ရှိ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး ကျေးရွာများမှ ပြည်သူများမှာ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုမှ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

ဓာတ်ပုံ- ကလေး PDF တပ်ရင်း ၅ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article