အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ကယ်တင်ရှင်ကို တမ်းတနေမည့်အစား ကိုယ်ကိုယ်တိုင် လွတ်မြောက်အောင် ရုန်းထွက်ခြင်းသည်သာ စစ်မှန်တဲ့ ကယ်တင်ခြင်းဖြစ်မည်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

