25.8 C
Yangon

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု ရဲတပ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက် ရရှိ

Must read

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု ရဲတပ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက် ရရှိ

ရန်ကုန်၊ ဩဂုတ် ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး လက် နက် ၁ လက် ရရှိကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ သြဂုတ်လ ၂၆ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ မိုးမိတ်တက် ကားလမ်းမဘေးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ကြောင့် ဂိတ်စောင့် ရဲတစ်ဦး ဒဏ်ရာရရှိကာ အခြားရဲတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲကိုင်ဆောင်ထားသည့် G3 (Gun) တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီအထိုင်ချတဲ့ နေရာပေါ့။ အခု မစ်ရှင်လုပ် ခဲ့တဲ့ နေရာက အရပ် အခေါ် ၁၃ တပ် လို့ ခေါ်တဲ့ တန်းမြင့်နဲ့လေ့ကျင့်ရေး သင်တန်းကျောင်းနဲ့နီးတယ်။ နီးတာမှာ ဆိုင်ကယ် ၁၅ မိနစ်လောက်ပဲ မောင်းရ တယ်။ အဲဒီကြားထဲမှာမှ ကျနော်တို့ စွန့်စွန့်စားစား လုပ်ခဲ့ကြတာပေါ့။ သေတဲ့ရဲ ခွေးက တပ်သားအဆင့် ။ သောင်လယ်ရွာသားလို့ သိရတယ်။ သူ့နာ မည် က မာရာလို့ခေါ်တယ်” ဟု ပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြသည်။

စစ်ဆင်ရေး ပစ်ခတ်မှုသည် အချိန် ၅ မိနစ်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲ ဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article