29 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်နှင့်PDF များ တိုက်ပွဲဖြစ်ပွား၊ မြိုင်မြို့နယ်၊ ကိုင်း တောမ ရဲစခန်းကို ဝင်တိုက်မှု တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်တပ်နှင့်PDF များ တိုက်ပွဲဖြစ်ပွား၊ မြိုင်မြို့နယ်၊ ကိုင်း တောမ ရဲစခန်းကို ဝင်တိုက်မှု တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်နှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင် မြိုင်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဩဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် မြိုင်ပကဖမှ ကာကွယ်ရေး အဖွဲများမှ လမ်းပိုင်းဆိုင်ရာလုံခြုံရေးတာဝန်များ ဆောင်ရွက်နေစဉ် ပေါက်မြို့ မှ အရှေ့ဘက်သို့ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်း နှင့်ထိထွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်မြိုအရှေ့ဘက် အုန်းတောမြောက်စုရွာအနောက်ဘက် ဒေသအခေါ် ကျွန်းနစ်ကုန်း နှင့် တမာချောက်ရိုး ကြားတွင် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွား၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ း အထိအခိုက် အသေအပျောက်ရှိသော်လည်း ထိခိုက်/သေဆုံးမှု အတိအကျမသိရှိရသေးကြောင်း၊ အထက်ပါတိုက်ခိုက်မှုကို ပေါက် ပကဖ နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲများ ၊ မြိုင် ပကဖ ရင်း(၃) ခွဲ(၅) တိုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၇ ရက်နေ့ မြိုင်မြို့နယ် ကိုင်းတောမ ရဲစခန်းရှိ စစ်တပ်နှင့်ရဲများကို PDF များက ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၊ မဟာမိတ်တပ်ဖွဲများနှင့်အတူပခုက္ကူမြိုနယ် ပကဖ တပ် ခွဲ(၂)မှ Young Force (UG)၊ Pakokku Underground Force တပ်စိတ်(၃) နှင့် Thurain-TR တပ်စိတ်(၄) တို့က ပူးတွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူရင်း ည ၁၀ နာရီ အချိန်တွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း Young Force (UG)ထံမှ သိရှိရသည်။

ဓာတ်ပုံ- Young Force (UG) တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article